Pearson Education, UK မှ ချီးမြှင့်သည့် Level 5 Higher National Diploma (HND) in Computing သည် ယူကေ (UK) တက္ကသိုလ်များ၏ (၃) နှစ်ကြာ ဘွဲ့ကြိုသင်တန်းများတွင် ဒုတိယနှစ်အောင်မြင်ပြီးဆုံးသည့် အဆင့်နှင့် ညီမျှပါသည်။ Diploma ကို (၁) နှစ်ခွဲအတွင်း ပြီးမြောက်ရရှိနိုင်ပါသည်။
Pearson HND Level 5 Diploma သည် UK တက္ကသိုလ်များ၏ (၃) နှစ်ကြာ ဘွဲ့ကြိုပညာရေးလမ်းကြောင်းတွင် ဒုတိယနှစ်အောင်မြင်ပြီးဆုံးသည့် အဆင့်နှင့် ညီမျှသော နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းတစ်ရပ်ဖြစ်ပါသည်။
ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Pearson(UK) က ချီးမြှင့်အပ်နှင်းသော ဒီပလိုမာ ဖြစ်ပါသည်။ Pearson သည်နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းစစ်များနှင့် ပညာရေးအစီအစဉ်များကို စီမံခန့်ခွဲပေးသော ပညာရေးအဖွဲ့အစည်းတခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် Pearson Approved Centre များမှတစ်ဆင့် Pearson BTEC HND, Pearson Edexcel, iGCSE, International A Level, LCCI နှင့် PTE Academic စသည့် အရည်အချင်းစစ်များကို သင်ကြားပို့ချပြီး စာမေးပွဲများ ကျင်းပပေးလျက်ရှိသည်။ Pearson(UK) အကြောင်းပိုမိုသိရှိနိုင်ရန် ဖော််ပြပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
High School Graduates များအတွက် HND Programပါ ဘာသာရပ်များကို မသင်ကြားမီ International Universities Learning Style နှင့်အကျွမ်းတဝင်ရှိစေရန် လိုအပ်သော ဘာသာရပ်များ နှင့် အလေ့အကျင့်ကောင်းများကို သင်ကြားပေးသည့် Bridge Program ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Programming Logic, Algorithms, Problem-Solving နှင့် Object-Oriented Programming (OOP) တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Software Development အတွက် အရေးကြီးသော အခြေခံကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။ ထို့အပြင် အခြား Programming Technologies များကိုလည်း လွယ်ကူစွာ ဆက်လက်လေ့လာနိုင်မည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် LAN, WAN, IP Addressing, Routing, Switching နှင့် Network Protocols များ၊ Computer Networks များ၏ လုပ်ဆောင်ပုံကို နားလည်သဘောပေါက်ပြီး Network Engineer, System Administrator နှင့် Cyber Security ဆိုင်ရာ လုပ်ငန်းခွင်များအတွက် အရေးကြီးသော အခြေခံကျွမ်းကျင်မှု များကို ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Communication Skills, Critical Thinking နှင့် Problem-Solving စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေပြီး Real-world Scenarios များကို အခြေခံ၍ SWOT Analysis, Root Cause Analysis, Decision-Making ကဲ့သို့သော Techniques များကို အသုံးပြု၍ ပြဿနာများကို ကျိုးကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာကာ လက်တွေ့လုပ်ငန်းခွင်အတွက် လိုအပ်သော Professional Skills များကို ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် လုပ်ငန်းခွင်သုံး Data များကို စနစ်တကျ သိမ်းဆည်းစီမံခြင်း၊ ဆက်စပ်ချိတ်ဆက်ခြင်း နှင့် လိုအပ်သော အချက်အလက်များကို လျင်မြန်တိကျစွာ ရှာဖွေထုတ်ယူနိုင်သည့် Database Designဆွဲခြင်း, Normalization ကို အသုံးပြု၍ Data Redundancy များကို လျှော့ချခြင်း, Data Integrity ကို ထိန်းသိမ်းခြင်း နှင့် Query Writing တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Reports နှင့် Dashboards များ ဖန်တီးနိုင်စေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Data, Computer Systems နှင့် Networks များကို ဆိုက်ဘာတိုက်ခိုက်မှုများနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်သည့် အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Security Measures, Security Policiesနှင့် Risk Management တို့ကို အသုံးပြု၍ လုံခြုံရေးဆိုင်ရာ ပြဿနာများကို ကာကွယ်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် တုံ့ပြန်ဖြေရှင်းနိုင်မည့် အခြေခံကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Business Problems နှင့် Industry Requirements များ၊ Project Idea များ အတွက် ဖြစ်ပေါ်နိုင်သော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို သုံးသပ်နိုင်ရန် Research Skills, Analytical Thinking, Decision Making နှင့် Project Planning Skills များကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Project တစ်ခုအတွက် လိုအပ်ချက်များ သတ်မှတ်ခြင်း၊ Plan ချခြင်း၊ Design ပြုလုပ်ခြင်း နှင့် အကောင်အထည်ဖော်ခြင်း အထိ အဆင့်လိုက် တည်ဆောက်ပုံကို လေ့လာရမည်။ ထို့အပြင် သင့်လျော်သော Development Approach ကို ရွေးချယ်နိုင်ရန် Software Development Lifecycle (SDLC), Feasibility Study နှင့် Development Models တို့၏ အခြေခံသဘောတရားများကို သိရှိနားလည် စေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Number Theory, Probability Theory, Geometry, Vector Methods နှင့် Calculus တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Computing ဆိုင်ရာ ပြဿနာများကို သင်္ချာနည်းလမ်းများဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ Data များကို သုံးသပ်ခြင်းနှင့် ဖြစ်နိုင်ခြေများကို ခန့်မှန်းတွက်ချက်နိုင်မည့် Analytical Thinking, Problem-Solving နှင့် Mathematical Reasoning Skills များကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Computing နှင့်ဆိုင်သော ပြဿနာများကို Research Methods နှင့် Evidence-based Research ကို အသုံးပြု၍ စနစ်တကျ လေ့လာသုံးသပ်နိုင်မည့် အခြေခံသဘောတရားများကို လေ့ကျင့်ရမည်။ Idea တစ်ခုကို မျှော်မှန်းချက်ဖြင့်မဟုတ်ဘဲ Research Skills, Critical Analysis Skills နှင့် Evidence များအပေါ် အခြေခံ၍ သက်သေပြနိုင်စွမ်း ကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Business အပေါ် IT Systems, Data နှင့် Digital Technologies များ၏အထောက်အကူပြုပုံကို နားလည်သဘောပေါက်ကာ Data Science Technologies, Data Analysis နှင့် Data-driven Decision Making တို့ကို အသုံးပြု၍ လုပ်ငန်းလိုအပ်ချက်များအတွက် သင့်လျော်သော အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည့် အခြေခံကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Software Engineering နှင့် Computer Science တို့၏ အခြေခံဖြစ်သော Logical Thinking နှင့် Problem-Solvingစွမ်းရည်များကို အခြေခံမှ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေပြီး Set Theory, Graph Theoryနှင့် Boolean Algebra တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Software Development၊ Programming နှင့် Digital Technologies တို့အတွက် အရေးကြီးသော သင်္ချာဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် အဖွဲ့လိုက် Software Development Projects များတွင် ဖတ်ရှုနားလည်ရ လွယ်ကူပြီး ပြုပြင်ထိန်းသိမ်းရလွယ်ကူသော Code များ ရေးသားနိုင်ခြင်း၊ Feature အသစ်များကို လွယ်ကူစွာတိုးချဲ့နိုင်ခြင်းနှင့် ရေရှည်အသုံးပြုနိုင်သော Software Systems များ တည်ဆောက်နိုင်စေရန် အထောက်အကူပြုမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Data Structures နှင့် Algorithms တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Data များကို စနစ်တကျ ဖွဲ့စည်းစီမံခြင်း၊ Sorting, Searching နှင့် Navigation Algorithms များကို လက်တွေ့အသုံးချပြီး Software များကို မြန်ဆန်ထိရောက်စွာ လုပ်ဆောင်နိုင်အောင် တည်ဆောက်နိုင်မည့် ကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Recommendation Systems, Speech Recognition နှင့် Predictive Analytics ကဲ့သို့သော Data-Driven Technologies များ၏ အခြေခံလုပ်ဆောင်ပုံကို နားလည်သဘောပေါက်စေပြီး AI နှင့် Machine Learning ဆိုင်ရာ နယ်ပယ်များကို ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းများ ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Business Requirements များကို လေ့လာသုံးသပ်ခြင်း၊ Software Design, Development, Testingနှင့် Debuggingတို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Business Problem များကို ဖြေရှင်းပေးနိုင်သော Software Applications များကို အစမှအဆုံး ဒီဇိုင်းရေးဆွဲ၊ တည်ဆောက်ပြီး အကဲဖြတ်နိုင်မည့် ကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။
Pearson သည်နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းစစ်များနှင့် ပညာရေးအစီအစဉ်များကို စီမံခန့်ခွဲပေးသော ပညာရေးအဖွဲ့အစည်းတခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် Pearson Approved Centre များမှတစ်ဆင့် Pearson BTEC HND, Pearson Edexcel, iGCSE, International A Level, LCCI နှင့် PTE Academic စသည့် အရည်အချင်းစစ်များကို သင်ကြားပို့ချပြီး စာမေးပွဲများ ကျင်းပပေးလျက်ရှိသည်။ Pearson(UK) အကြောင်းပိုမိုသိရှိနိုင်ရန် ဖော််ပြပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Pearson Education, UK မှ ချီးမြှင့်သည့် Level 5 Higher National Diploma (HND) in Computing ဖြစ်ပြီး ယူကေ (UK) တက္ကသိုလ်များ၏ (၃) နှစ်ကြာ ဘွဲ့ကြိုသင်တန်းများတွင် ဒုတိယနှစ်အောင်မြင်ပြီးဆုံးသည့် အဆင့်နှင့် ညီမျှပါသည်။
Pre-University Foundation Program သည် မြန်မာပညာရေးစနစ်မှ ရရှိထားသော အခြေခံပညာများကို အခြေခံ၍ နိုင်ငံတကာတက္ကသိုလ်များ၏ သင်ယူမှုပတ်ဝန်းကျင်နှင့် ပညာရေးစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရန် အခြေခံပြင်ဆင်ပေးသော အစီအစဥ်ဖြစ်ပါသည်။
Pearson HND (Level 5) ကို အောင်မြင်စွာ ပြီးမြောက်ထားသူများအတွက် Bachelor’s Degree ရရှိရန် တက္ကသိုလ်၏ နောက်ဆုံးနှစ် (Final Year) ကိုသာ ဆက်လက်တက်ရောက်ရသော ဘွဲ့ဆက်အစီအစဉ် ဖြစ်ပါသည်။ သတ်မှတ်ထားသော ဝင်ခွင့်လိုအပ်ချက်များနှင့် ကိုက်ညီပါက UK နှင့် အခြားနိုင်ငံများရှိ တက္ကသိုလ်များတွင် Bachelor’s Degree Top-up Programme ကို ဆက်လက်တက်ရောက်နိုင်ပါသည်။
Programming Short Course များသည် သတ်မှတ်ထားသော Programming Language သို့မဟုတ် Technology များကို လက်တွေ့အသုံးချနိုင်ရန် အဓိကထားသည့် Short-term Vocational Course များဖြစ်ပြီး၊ လက်ရှိ Programming Skills များကို မြှင့်တင်လိုသူများအတွက် သင့်တော်ပါသည်။
HND in Computing (Software Engineering) Program သည် Programming Skills များအပြင် Software Engineering Principles, Problem Solving, Software Design & Development, Database, Data Structures & Algorithms, Networking, Security နှင့် Professional Skills များကိုပါ ပေါင်းစပ်သင်ကြားပေးသော Diploma Programme ဖြစ်ပါသည်။
Software Engineer တစ်ယောက်အတွက် Programming Language တစ်ခုကို သိရှိကျွမ်းကျင်ရုံသာမက Engineering Principles, Critical Thinking နှင့် Solution Creation Skills များကိုလည်း တတ်မြောက်ထားရန် လိုအပ်ပါသည်။
HND in Computing (Software Engineering) Program ပြီးမြောက်ပါက Pearson BTEC Higher National Diploma (HND) in Computing ကို ရရှိပြီး Bachelor’s Degree Top-up Pathway များသို့ ဆက်လက်တက်ရောက်နိုင်ပါသည်။
HND in Computing Program တွင် Pre-University Foundation Program နှင့် Academic Semester (၄) ခု ပါဝင်ပြီး ကျောင်းလခ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကျောင်းလခကို (၇) ကြိမ် အရစ်ကျ ပေးသွင်းနိုင်ရန် စီစဥ်ထားပါသည်။
ကျောင်းလခကို တစ်ကြိမ်တည်း အပြီးပေးသွင်းပါက ၁၀% Discount ခံစားခွင့်ရရှိမည်ဖြစ်ပြီး၊ ကျပ် (၂၃၂) သိန်း + Registration Fee USD 450 ဖြင့် တက်ရောက်နိုင်ပါသည်။
ရနိုင်ပါသည်။ Pearson BTEC Higher National Diploma (HND) in Computing ကို အောင်မြင်စွာ ပြီးမြောက်ပြီး သတ်မှတ်ထားသော ဝင်ခွင့်လိုအပ်ချက်များနှင့် ကိုက်ညီပါက Higher National Diploma (HND) ကို လက်ခံသည့် University များတွင် Bachelor’s Degree Top-up Programme ကို ဆက်လက်တက်ရောက်နိုင်ပါသည်။
iNet College မှတစ်ဆင့် ချိတ်ဆက်ပေးထားသော University များတွင်လည်း Online ဖြင့် Bachelor’s Degree Top-up Programme ကို ဆက်လက်တက်ရောက်နိုင်ပါသည်။
လုပ်ကိုင်နိုင်ပါသည်။ HND in Computing (Software Engineering) Program သည် Software Development, Database, Networking, Security, Software Engineering Principles နှင့် Professional Skills များကို ပေါင်းစပ်သင်ကြားပေးထားသောကြောင့် Software Developer အဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်း စတင်နိုင်ရန် လိုအပ်သော အခြေခံအသိပညာနှင့် ကျွမ်းကျင်မှုများကို ရရှိစေပါသည်။
အလုပ်ခန့်အပ်မှုသည် အလုပ်ရှင်၏ သတ်မှတ်ချက်များ၊ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ Portfolio နှင့် Interview Performance စသည့် အချက်များပေါ် မူတည်ပါသည်။
HND Diploma ဖြင့် Software Developer အဖြစ် အလုပ်အကိုင် စတင်နိုင်ပါသည်။ လုပ်ငန်းအတွေ့အကြုံ ရရှိလာသည်နှင့်အမျှ Bachelor’s Degree ကို ဆက်လက်ရယူခြင်းသည် အချို့သော Senior-Level Positions၊ Management Roles သို့မဟုတ် Postgraduate Study များအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ပါသည်။ သို့သော် Career တိုးတက်မှုသည် Degree တစ်ခုတည်းပေါ် မမူတည်ဘဲ လုပ်ငန်းအတွေ့အကြုံ၊ နည်းပညာကျွမ်းကျင်မှု၊ Portfolio နှင့် Professional Skills များပေါ်တွင်လည်း များစွာ မူတည်ပါသည်။