HND in Computing – Discrete Maths ဘာသာရပ် မိတ်ဆက်

Subject Introduction

Digital Computer Technologies များသည် သတ်မှတ်ထားသော အဆင့်များအတိုင်း လုပ်ဆောင်ခြင်းနှင့် Data များကို သီးခြား Bits များအဖြစ် သိမ်းဆည်းခြင်းတို့အပေါ် အခြေခံ၍ လည်ပတ်နေပါသည်။ ထိုကဲ့သို့ အကန့်အသတ်ရှိသော တိကျသည့် လုပ်ဆောင်မှုများကို “Discrete” ဟု ခေါ်ဆိုပြီး Computer Science တွင် အသုံးပြုသော Software Development၊ Programming Languages နှင့် Cryptography ကဲ့သို့သော Concepts များကို ဖော်ပြလေ့လာရန် အသုံးပြုသည့် သင်္ချာဘာသာရပ်ကို “Discrete Mathematics” ဟု ခေါ်ဆိုပါသည်။

Discrete Mathematics သည် Computer Science နှင့် Software Engineering ဘာသာရပ်များတွင် အရေးပါသော အခြေခံ Mathematics တစ်ခုဖြစ်ပြီး Digital Technologies များ၏ အခြေခံဖြစ်သော Logical Thinking၊ Reasoning နှင့် Problem-Solving Skills များ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုပါသည်။ ထို့ကြောင့် Software Engineer များအနေဖြင့် Computing Concepts များကို နားလည်ရန် Discrete Mathematical Principles များကို သိရှိထားရန် လိုအပ်ပါသည်။

ဤဘာသာရပ်တွင် Software Engineering ကို အထောက်အကူပြုသော Discrete Mathematics ၏ အခြေခံသဘောတရားများနှင့် Theories များကို လေ့လာရပါမည်။ Case Studies များ၊ Real-world Scenarios များနှင့် Task-based Assessments များမှတစ်ဆင့် Set Theory နှင့် Functions များကို လေ့လာအသုံးချခြင်း၊ Graph Theory ကို အသုံးပြု၍ Analysis ပြုလုပ်ခြင်း၊ Boolean Algebra ကို Computing Problems များတွင် အသုံးချခြင်းနှင့် Abstract Algebra ဆိုင်ရာ အခြေခံ Concepts များကို လေ့လာရမည် ဖြစ်ပါသည်။

သင်ကြားရာတွင် Set Theory နှင့် Functions၊ Eulerian နှင့် Hamiltonian Graphs၊ Binary Problems၊ Boolean Equations၊ Algebraic Structures နှင့် Group Theory စသည့် အကြောင်းအရာများကို လေ့လာရမည် ဖြစ်ပါသည်။ အဆိုပါ Mathematical Concepts များကို အသုံးပြု၍ Software Engineering နှင့် Computing ဆိုင်ရာ ပြဿနာများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်ရန်နှင့် Logical Solutions များ ဖော်ထုတ်နိုင်ရန် လေ့ကျင့်ပေးမည် ဖြစ်ပါသည်။

ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် Software Engineering Concepts များကို နားလည်ရန် လိုအပ်သော Discrete Mathematics အခြေခံအသိပညာနှင့် ယုံကြည်မှုကို ရရှိလာမည် ဖြစ်ပါသည်။ ထို့အပြင် Communication Skills၊ Critical Thinking၊ Analysis၊ Reasoning နှင့် Interpretation Skills များကိုလည်း ဖွံ့ဖြိုးတိုးတက်စေကာ ပညာရေးနှင့် Software Engineering လုပ်ငန်းခွင်တွင် လိုအပ်သော Analytical Thinking Skills များကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

Learning Outcomes

ဤဘာသာရပ်မှတစ်ဆင့် Software Engineering နှင့် Computer Science တို့၏ အခြေခံဖြစ်သော Logical Thinking နှင့် Problem-Solvingစွမ်းရည်များကို အခြေခံမှ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေပြီး Set Theory, Graph Theoryနှင့် Boolean Algebra တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Software Development၊ Programming နှင့် Digital Technologies တို့အတွက် အရေးကြီးသော သင်္ချာဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။

Subject Information

  • Code : F/618/7429
  • Type : Core
  • Level : 5
  • Credit : 15​

Assessment Method

  • Assignments
  • Presentations
  • Project Demonstrations
  • Defence