HND in Computing – Application Development ဘာသာရပ် မိတ်ဆက်

Subject Introduction

Application Development သည် Information Systems များကို စနစ်တကျ ဖန်တီးရန် လိုအပ်သော Planning၊ Design၊ Development၊ Testing နှင့် Deployment လုပ်ငန်းစဉ်များ ပါဝင်သည့် Software Development Process တစ်ခု ဖြစ်ပါသည်။ ယနေ့ခေတ်တွင် Application များကို လုပ်ငန်းစဉ်များကို အလိုအလျောက် ဆောင်ရွက်နိုင်ရန် (Automation)၊ Business Needs များကို ဖြေရှင်းနိုင်ရန် သို့မဟုတ် ဆန်းသစ်သော Solutions များဖြင့် ပြိုင်ဘက်များထက် အားသာချက်ရရှိစေရန် ဖန်တီးအသုံးပြုလျက်ရှိပါသည်။

Software Developer များအနေဖြင့် Technical Skills များသာမက Professionalism၊ Critical Thinking၊ Independent Working နှင့် Teamwork Skills များကိုလည်း ပိုင်ဆိုင်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ဤဘာသာရပ်တွင် Application Development Process များကို လေ့လာရုံသာမက လုပ်ငန်းခွင်တွင် လိုအပ်သော Professional Development Skills များကိုပါ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။

ဤဘာသာရပ်တွင် ကျောင်းသားများအား Commercial Developer တစ်ဦးအနေဖြင့် Business Environment အတွင်း Application တစ်ခုကို ဖန်တီးဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကို လက်တွေ့အခြေအနေတစ်ခုအဖြစ် လေ့လာစေမည် ဖြစ်ပါသည်။ ကျောင်းသားများသည် Business-related Problem တစ်ခုကို လေ့လာသုံးသပ်၍ သင့်လျော်သော Methods နှင့် Practices များကို အသုံးပြုကာ ပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ လိုအပ်ချက်များ သတ်မှတ်ခြင်း၊ Solution Design ပြုလုပ်ခြင်း၊ Application ဖန်တီးခြင်းနှင့် Testing ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့အပြင် ကျောင်းသားများအနေဖြင့် မိမိတို့၏ Analysis နှင့် Judgement အပေါ် အခြေခံ၍ သင့်လျော်သော Design Methodologies နှင့် Development Approaches များကို ရွေးချယ်ခြင်း၊ အားသာချက်များနှင့် အားနည်းချက်များကို ဆွေးနွေးသုံးသပ်ခြင်းတို့ကို လေ့လာရမည် ဖြစ်ပါသည်။

သင်ကြားရာတွင် Software Design နှင့် Developer Documentation၊ Problem Analysis၊ Research၊ System Requirements နှင့် User Requirements များကို သတ်မှတ်ခြင်း၊ Design Methodologies နှင့် Principles များ၊ Security Considerations၊ Software Development Methodologies နှင့် Software Development Lifecycles များကို လေ့လာရမည် ဖြစ်ပါသည်။

ထို့အပြင် Teamwork၊ Peer Reviews၊ Development Tools နှင့် Techniques များ၊ Integrated Development Environments (IDE)၊ Debugging၊ Software Testing၊ Version Control နှင့် Quality Assurance စသည့် လုပ်ငန်းခွင်တွင် အသုံးများသော Development Practices များကိုလည်း လေ့လာရမည် ဖြစ်ပါသည်။

ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် Business-related Problem များကို ခွဲခြမ်းစိတ်ဖြာ၍ သင့်လျော်သော Software Solutions များကို ဒီဇိုင်းရေးဆွဲနိုင်မည် ဖြစ်ပြီး Initial Requirements များနှင့် Design Documentation များကို ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။

ထို့အပြင် သင့်လျော်သော Development Methodologies၊ Tools နှင့် Techniques များကို အသုံးပြု၍ Business Application များကို တစ်ဦးတည်းဖြစ်စေ၊ Team အတွင်းဖြစ်စေ စီမံကိန်းရေးဆွဲခြင်း၊ ဖန်တီးခြင်းနှင့် အကဲဖြတ်ခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ Application Performance ကို Software Design Document နှင့် Initial Requirements များအပေါ် အခြေခံ၍ သုံးသပ်ကာ တိုးတက်ကောင်းမွန်အောင် ပြင်ဆင်နိုင်မည့် Skills များကိုလည်း ရရှိစေမည် ဖြစ်ပါသည်။

ထို့အပြင် Communication Skills၊ Critical Thinking၊ Analysis၊ Reasoning နှင့် Interpretation Skills များကို ဖွံ့ဖြိုးတိုးတက်စေကာ Software Development လုပ်ငန်းခွင်နှင့် Academic Study များအတွက် လိုအပ်သော Professional Competencies များကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

Learning Outcomes

ဤဘာသာရပ်မှတစ်ဆင့် Business Requirements များကို လေ့လာသုံးသပ်ခြင်း၊ Software Design, Development, Testingနှင့် Debuggingတို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Business Problem များကို ဖြေရှင်းပေးနိုင်သော Software Applications များကို အစမှအဆုံး ဒီဇိုင်းရေးဆွဲ၊ တည်ဆောက်ပြီး အကဲဖြတ်နိုင်မည့် ကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။

Subject Information

  • Code : Y/618/7436
  • Type : Core
  • Level : 5
  • Credit : 15​

Assessment Method

  • Assignments
  • Presentations
  • Project Demonstrations
  • Defence