Software Development Lifecycle (SDLC) သည် Software များကို အရည်အသွေးကောင်းမွန်ပြီး လုံခြုံစိတ်ချရသော System များအဖြစ် ဖန်တီးနိုင်ရန် Software Development Process တစ်လျှောက်လုံးကို စနစ်တကျ စီမံခန့်ခွဲပေးသည့် အရေးကြီးသော Framework တစ်ခု ဖြစ်ပါသည်။ Software Developer များအနေဖြင့် Software တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် Coding Skills များသာမက Software Development Process များ၊ Methodologies များနှင့် Lifecycle Models များကို နားလည်ထားရန် လိုအပ်ပါသည်။
ဤဘာသာရပ်တွင် Software Development Lifecycle ၏ အခြေခံသဘောတရားများ၊ Development Process အဆင့်ဆင့်တွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းနည်းလမ်းများနှင့် Software Project များအတွက် သင့်လျော်သော Development Methodologies များကို လေ့လာရပါမည်။ ထို့အပြင် Sequential Models နှင့် Iterative Models ကဲ့သို့သော Software Development Lifecycle Models များ၏ လက္ခဏာများ၊ အားသာချက်များနှင့် မည်သည့် Project Environment များတွင် အသုံးပြုသင့်သည်ကို နားလည်သဘောပေါက်စေရန် လေ့လာရမည် ဖြစ်ပါသည်။
သင်ကြားရာတွင် Software Development Project တစ်ခုကို အခြေခံ၍ SDLC ကို လက်တွေ့အသုံးချခြင်းအားဖြင့် Theoretical Knowledge များကို Practical Skills များအဖြစ် ပြောင်းလဲအသုံးချနိုင်ရန် လေ့ကျင့်ပေးမည် ဖြစ်ပါသည်။ ထို့အပြင် ရွေးချယ်ထားသော Development Methodology နှင့် သက်ဆိုင်သော Tools နှင့် Techniques များကို အသုံးပြု၍ Software Development Process များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လေ့လာရပါမည်။
ဤဘာသာရပ်တွင် Software Project တစ်ခု စတင်မတည်ဆောက်မီ လိုအပ်သော Feasibility Study ပြုလုပ်ခြင်း၊ Conceptual Data နှင့် Information များကို စုစည်းသတ်မှတ်ခြင်း၊ Requirement Gathering Techniques များကို အသုံးပြု၍ User Requirements များ ရှာဖွေခြင်း၊ System Analysis၊ System Design နှင့် Software Implementation အဆင့်များအထိ Software Development Process တစ်ခုလုံးကို လေ့လာရမည် ဖြစ်ပါသည်။
ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် Software Development Lifecycle Models များကို နားလည်ပြီး သင့်လျော်သော Methodology တစ်ခုကို ရွေးချယ်ကာ Software Development Project များတွင် အသုံးချနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Communication Skills၊ Critical Thinking၊ Analysis၊ Reasoning နှင့် Interpretation Skills များကိုလည်း ဖွံ့ဖြိုးတိုးတက်စေကာ ပညာရေးနှင့် Software Development လုပ်ငန်းခွင်တွင် လိုအပ်သော Professional Skills များကို ရရှိစေမည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Project တစ်ခုအတွက် လိုအပ်ချက်များ သတ်မှတ်ခြင်း၊ Plan ချခြင်း၊ Design ပြုလုပ်ခြင်း နှင့် အကောင်အထည်ဖော်ခြင်း အထိ အဆင့်လိုက် တည်ဆောက်ပုံကို လေ့လာရမည်။ ထို့အပြင် သင့်လျော်သော Development Approach ကို ရွေးချယ်နိုင်ရန် Software Development Lifecycle (SDLC), Feasibility Study နှင့် Development Models တို့၏ အခြေခံသဘောတရားများကို သိရှိနားလည် စေမည် ဖြစ်ပါသည်။