Have a question?
Message sent Close

Welcome to iNet College

နိုင်ငံကတာအိုင်တီ လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်း လုပ်ကိုင်လိုသော အင်ဂျင်နီယာဘွဲ့ရ နှင့် ကွန်ပျူတာဘွဲ့ရ ပညာရှင်(၃)ဦး ပူးပေါင်း၍ ပြည်တွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် ၂၀၀၀ ပြည့်နှစ်တွင် iNet Systems Company Limited. အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။

ကုမ္ပဏီ၏ အဓိက လုပ်ငန်းများအဖြစ် iNet IT Education ၊ iNet Network Infrastructure and Maintenance Services ၊ iNet Business Application Development စသည့်လုပ်ငန်းခွဲများဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စတင်လုပ်ကိုင်ခဲ့သည်။

iNet IT Education ၏ ရည်ရွယ်ချက်များမှာ ကွန်ပျူတာ ပညာရပ်များကို သီအိုရီ နှင့် လက်တွေ့ ပေါင်းစပ်၍ Industry နှင့် အံဝင်ခွင်ကျ ဖြစ်စေသော သင်တန်းများပို့ချရန်၊ Industry တွင် လိုအပ်နေသော မျိုးဆက်သစ် လူငယ်ပညာရှင်များ မွေးထုတ်ရန်၊ နိုင်ငံတကာ အဆင့်သို့ တက်လှမ်းလိုသော လူငယ်ပညာရှင် များကို တတ်စွမ်းသရွေ့ ကူညီရန် စသည်တို့ ဖြစ်ပါသည်။

နိုင်ငံတကာ IT နယ်ပယ်တွင် အလွန်တန်ဖိုးထားသော Vender Certification Program များကို အဓိက ထား သင်ကြားပို့ချခဲ့သည်။ နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ ဖြေဆိုနိုင်ရန်လည်း Prometric Test Centre များ ဖွင့်လှစ် စစ်ဆေးပေးခဲ့သည်။

၂၀၁၀ ခုနှစ်တွင် iNet College အမည်သို့ ပြောင်းလဲခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာများကို NCC Education, UK  နှင့် ပူးပေါင်း၍ Level 4 Diploma in Computing(L4DC) Program နှင့် Level 5 Diploma in Computing(L5DC) Program များကို စတင်သင်ကြားပို့ချခဲ့သည်။

၂၀၁၂ ခုနှစ်တွင် Pearson Education, UK မှ ပေးအပ်သော Higher National Certificate(HNC) နှင့် Program Higher National Diploma(HND) Program များကို တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် University of Central Lancashire ULAN နှင့် NCC Education တို့ ပူးပေါင်းသင်ကြား‌သော BSc(Hons) in Computing and Information Systems Top-up Program ကို iNet HND Graduates များ တက်ရောက်နိုင်ရန် စီစဥ်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် University of Central Lancashire ULAN နှင့် NCC Education တို့ ပူးပေါင်းသင်ကြား‌သော BSc(Hons) in Cyber Security and Networking Program ကို iNet HND Graduates များ တက်ရောက်နိုင်ရန် စီစဥ်ခဲ့သည်။

Available Program Categories

Recognitions