ယနေ့ခေတ် Digital Era တွင် Security သည် အဖွဲ့အစည်းများအတွက် အရေးကြီးဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ပါသည်။ Cyber Attacks နှင့် အခြားသော Security Threats များ တိုးပွားလာသည်နှင့်အမျှ လူပုဂ္ဂိုလ်များ၊ Data များ၊ Equipment များနှင့် Computer Networks များကို လုံခြုံစွာ ကာကွယ်နိုင်ရန် စနစ်တကျ စီမံခန့်ခွဲနိုင်သော Security Measures များကို ချမှတ်အသုံးပြုရန် လိုအပ်လာပါသည်။ ထို့ကြောင့် Security ကို နားလည်ကျွမ်းကျင်ခြင်းသည် Software Engineer နှင့် IT Professional များအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါသည်။
ဤဘာသာရပ်တွင် Information Security ၏ အခြေခံသဘောတရားများ၊ Security Risks များနှင့် ၎င်းတို့က လုပ်ငန်းဆက်လက်လည်ပတ်နိုင်မှု (Business Continuity) အပေါ် သက်ရောက်မှုများကို လေ့လာရပါမည်။ ထို့အပြင် Access Control နှင့် Authorisation Mechanisms များ၊ Security Policies နှင့် Procedures များ ရေးဆွဲခြင်း၊ Contingency Plans များ ပြင်ဆင်ခြင်းနှင့် အဖွဲ့အစည်းအတွင်း Security ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လိုအပ်သော နည်းလမ်းများကိုလည်း သင်ယူရမည် ဖြစ်ပါသည်။
သင်ကြားရာတွင် Physical Security နှင့် IT Security ဆိုင်ရာ Threats နှင့် Vulnerabilities များကို ရှာဖွေသတ်မှတ်ခြင်း၊ Risk Assessment နှင့် Risk Management နည်းလမ်းများကို လေ့လာရမည်ဖြစ်ပါသည်။ ထို့အပြင် Network Security Design နှင့် Operation ဆိုင်ရာ နည်းပညာများဖြစ်သော Network Address Translation (NAT)၊ Demilitarized Zone (DMZ)၊ Virtual Private Network (VPN)၊ Firewalls၊ Antivirus (AV) Systems၊ Intrusion Detection Systems (IDS) နှင့် Remote Access Security တို့ကိုလည်း သင်ယူရပါမည်။ အဖွဲ့အစည်းများ၏ Security Audit နှင့် Compliance Requirements များကို ဖြည့်ဆည်းနိုင်ရန် လိုအပ်သော Vulnerability Testing များကိုလည်း ထည့်သွင်းလေ့လာရမည် ဖြစ်ပါသည်။
ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် အဖွဲ့အစည်း၏ Security Risks များကို ခွဲခြမ်းစိတ်ဖြာ၍ သင့်လျော်သော Security Measures များကို ရွေးချယ်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး Data၊ Systems နှင့် Networks များကို ပိုမိုလုံခြုံစွာ ကာကွယ်နိုင်ရန် လိုအပ်သော အခြေခံအသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများကို ရရှိမည် ဖြစ်ပါသည်။ ထို့အပြင် Communication Skills၊ Critical Thinking၊ Analysis နှင့် Problem-Solving Skills များကိုလည်း ဖွံ့ဖြိုးတိုးတက်စေကာ ပညာရေးနှင့် လုပ်ငန်းခွင်တွင် လိုအပ်သော Professional Competencies များကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Data, Computer Systems နှင့် Networks များကို ဆိုက်ဘာတိုက်ခိုက်မှုများနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်သည့် အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Security Measures, Security Policiesနှင့် Risk Management တို့ကို အသုံးပြု၍ လုံခြုံရေးဆိုင်ရာ ပြဿနာများကို ကာကွယ်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် တုံ့ပြန်ဖြေရှင်းနိုင်မည့် အခြေခံကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။