HND in Computing – Maths for Computing ဘာသာရပ် မိတ်ဆက်

Subject Introduction

၁၈၃၇ ခုနှစ်တွင် အင်္ဂလိပ် သင်္ချာပညာရှင်များဖြစ်ကြသော Charles Babbage နှင့် Ada Lovelace တို့သည် တွက်ချက်မှုများကို လုပ်ဆောင်နိုင်ပြီး Data များကို Memory Units များအတွင်း သိမ်းဆည်းနိုင်သည့် စက်တစ်ခု၏ ဒီဇိုင်းကို ပူးပေါင်းဖော်ပြခဲ့ကြပါသည်။ ၎င်းတို့၏ “Analytical Engine” ဒီဇိုင်းသည် ယနေ့ခေတ်တွင် အသုံးပြုနေသော General-purpose Computer Technology များ၏ အစောဆုံးပုံစံတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။

ယနေ့ခေတ် Computer များသည် Babbage နှင့် Lovelace တို့၏ မူလအယူအဆထက် များစွာ ပိုမိုတိုးတက်လာသော်လည်း Computer Systems များ၏ ဒီဇိုင်းနှင့် လုပ်ဆောင်ပုံများတွင် Mathematics သည် အခြေခံအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် Computing နယ်ပယ်တွင် အောင်မြင်စွာ လေ့လာလုပ်ကိုင်နိုင်ရန် လိုအပ်သော Mathematical Principles နှင့် Theories များကို နားလည်ထားခြင်းသည် အရေးကြီးပါသည်။

ဤဘာသာရပ်တွင် Computing Curriculum ၏ အခြေခံဖြစ်သော Mathematical Concepts များနှင့် Theories များကို လေ့လာရပါမည်။ Case Studies များ၊ Real-world Scenarios များနှင့် Task-based Assessments များမှတစ်ဆင့် Number Theory၊ Probability Theory၊ Geometry၊ Vector Methods နှင့် Differential & Integral Calculus စသည့် သင်္ချာဆိုင်ရာ အယူအဆများကို Computing Problems များနှင့် ဆက်စပ်၍ လေ့လာအသုံးချရမည် ဖြစ်ပါသည်။

သင်ကြားရာတွင် Prime Number Theory၊ Sequences and Series၊ Probability Theory၊ Geometry၊ Differential Calculus နှင့် Integral Calculus စသည့် အကြောင်းအရာများကို လေ့လာရမည်ဖြစ်ပြီး အဆိုပါ Mathematical Techniques များကို Computing ဆိုင်ရာ ပြဿနာများကို ခွဲခြမ်းစိတ်ဖြာ ဖြေရှင်းရာတွင် အသုံးချနိုင်ရန် အလေးထား သင်ကြားပေးမည် ဖြစ်ပါသည်။

ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် အခြား Computing ဘာသာရပ်များတွင် လိုအပ်သော Mathematics အခြေခံအသိပညာနှင့် ယုံကြည်မှုကို ရရှိလာမည် ဖြစ်ပါသည်။ ထို့အပြင် Communication Skills၊ Critical Thinking၊ Analysis၊ Reasoning နှင့် Interpretation Skills များကိုလည်း ဖွံ့ဖြိုးတိုးတက်စေကာ ပညာရေးနှင့် လုပ်ငန်းခွင်တွင် လိုအပ်သော Analytical Skills များကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

Learning Outcomes

ဤဘာသာရပ်မှတစ်ဆင့် Number Theory, Probability Theory, Geometry, Vector Methods နှင့် Calculus တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Computing ဆိုင်ရာ ပြဿနာများကို သင်္ချာနည်းလမ်းများဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ Data များကို သုံးသပ်ခြင်းနှင့် ဖြစ်နိုင်ခြေများကို ခန့်မှန်းတွက်ချက်နိုင်မည့် Analytical Thinking, Problem-Solving နှင့် Mathematical Reasoning Skills များကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။

Subject Information

  • Code : R/618/7421
  • Type : Core
  • Level : 4
  • Credit : 15​

Assessment Method

  • Assignments
  • Presentations
  • Project Demonstrations
  • Defence