Programatic & Logical Thinking သည် ယနေ့ခေတ် ကျောင်းသားအားလုံး သိရှိတတ်မြောက်ထားရမည့် ဘာသာရပ် တစ်ခုဖြစ်လာသည်။ နိုင်ငံတကာ အခြေခံပညာစနစ် သင်ရိုးညွှန်းတမ်းများတွင် Programming ဘာသာရပ်ကို မဖြစ်မနေလေ့လာသင်ယူရမည့် ဘာသာတစ်ခုအဖြစ် ထည့်သွင်း သင်ကြားကြရသည်။
Data Science, Machine Learning, Artificial Intelligence, Cyber Security, Network Device Management, Natural Language Processing စသည်တို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော Python Programming Language ကို (Programming လုံးဝ မလေ့လာခဲ့ဖူးသူများလည် သင်ယူနိုင်ရန်) အခြေခံမှစ၍ သင်ကြားပါမည်။ အောက်ပါသင်ခန်းစာများကို အကျယ်တဝင့် လေ့လာကြရပါမည်။