Front-end Web-Design ဘာသာရပ်တွင် အောက်ပါ သင်ခန်းစာမျာကို သင်ကြားမည်ဖြစ်ပြီး၊ Unit အဆုံးတွင် Final Project(Web) ဖြင့် အကဲဖြတ်မည်ဖြစ်ပါသည်။
Digital Products များဖြစ်သောWebsite, Mobile App စသည်များကို ဒီဇိုင်းဆွဲရာ၌ အသုံးပြုရ လွယ်ကူခြင်း (Usability)၊ ထိရောက်မှုရှိခြင်း (Efficiency) နှင့် စနစ်ကျပြီး ဆွဲဆောင်မှုရှိသော Interface များ မည်သို့ဖန်တီးရမည်ကို သိရှိနားလည်၍ သုံးစွဲသူဗဟိုပြုသော (User-Centric)ထုတ်ကုန်များကို တည်ဆောက်နိုင်ရန် ဖြစ်သည်။
Website နှင့် Web Application များ၏ သုံးစွဲသူ မြင်တွေ့ထိတွေ့ရသော အပိုင်း (ဖွဲ့စည်းပုံ၊ ဒီဇိုင်းနှင့် လုပ်ဆောင်ချက်များ (Interactivity) ကို ကိုယ်တိုင် ဖန်တီးတည်ဆောက်နိုင်ပြီး မည်သည့် Device ပေါ်တွင်မဆို အဆင်ပြေစွာ အသုံးပြုနိုင်သည့် Responsive Design များကို ဖန်တီးနိုင်ရန် ရည်ရွယ်ပါသည်။