Foundation of Computer Studies

နိုင်ငံတကာကျောင်းများတွင် အသုံးပြုသော Computer Science နှင့် IT သင်ရိုးများကို အခြေခံ၍ မြန်မာကျောင်းသားများအတွက် သင့်လျော်အောင်ပြင်ဆင်ထားသော IT သင်ရိုးဖြစ်ပါသည်။

Grade 8 to 10 ဖြေဆိုအောင်မြင်ပြီးသူ ကျောင်းသားကျောင်းသူများ၊ Problem Solving Skill နှင့် Critical Thinking Skill များကို Level Up လုပ်လိုသူများ၊ Coding နှင့် AI ကို အခြေခံမှစ၍ စတင်လေ့လာလိုသူများ၊ Cloud နှင့် Cyber Security အကြောင်းကို အခြေခံအဆင့်မှ စတင်မိတ်ဆက်လေ့လာလိုသူများ၊ Academic Purpose အတွက် ICT Application Skill များကို စနစ်တကျ လေ့လာလိုသူများအတွက် သင့်လျော်ပြီး၊ အနာဂတ် ICT လေ့လာမှုများအတွက် လိုအပ်မည့် အခြေခံအသိပညာနှင့် Skills များကို ဖြည့်ဆည်းပေးနိုင်မည့် သင်တန်းဖြစ်ပါသည်။

Computer Science & Algorithmic Thinking

Pearson HND Level 5 Diploma သည် UK တက္ကသိုလ်များ၏ (၃) နှစ်ကြာ ဘွဲ့ကြိုပညာရေးလမ်းကြောင်းတွင် ဒုတိယနှစ်အောင်မြင်ပြီးဆုံးသည့် အဆင့်နှင့် ညီမျှသော နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းတစ်ရပ်ဖြစ်ပါသည်။

Systems, Networking & Internet Fundamentals

ကွန်ပျူတာစနစ်များ၏ အခြေခံဖွဲ့စည်းပုံများ၊ Networking နှင့် Internet နည်းပညာများကို နားလည်သဘောပေါက်ပြီး မှန်ကန်သင့်တော်စွာ အသုံးချနိုင်စေရန်။

Digital Safety

အင်တာနက်နှင့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တွင် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်စေရန် Cyber Security ဆိုင်ရာ အခြေခံအသိပညာများကို ရရှိစေရန်။

Learning Productivity Tools

Microsoft Word, Excel, PowerPoint တို့ကို အသုံးပြုပြီး စနစ်တကျ စာတမ်းငယ်များ ရေးသားခြင်း၊ အခြေခံသင်္ချာတွက်ချက်မှုများ ပြုလုပ်ခြင်းနှင့် ထိရောက်သော Presentation များကို ကိုယ်တိုင် ဖန်တီးတင်ပြနိုင်စေရန်။

Foundation of Computer Studies


Certificate


20 Weeks


Assignments, Exercises


High School Students

What will you learn in Foundation of Computer Studies?

ဤသင်ခန်းစာတွင် ကွန်ပျူတာ၏ အခြေခံအယူအဆများဖြစ်သည့် ကွန်ပျူတာအမျိုးအစားများ၊ Binary အခြေခံ နှင့် Computer စနစ်၏လုပ်ဆောင်ချက်များကို လေ့လာသင်ယူရမည်ဖြစ်သည်။

ထို့အပြင် File နှင့် Folder စနစ်များ၊ File Type များနှင့် Data Backup ၏ အရေးပါမှုများကိုလည်း သင်ကြားပေးမည်ဖြစ်ပြီး IT ဘာသာရပ်များအတွက် အခြေခံအုတ်မြစ်တည်ဆောက်ပေးမည့် သင်ခန်းစာဖြစ်ပါသည်။

ဤသင်ခန်းစာတွင် Learning Productivity Softwares များဖြစ်သည့် Word Processing၊ Spreadsheet နှင့် Presentation Tools များကို လေ့လာရမည်ဖြစ်သည်။

Document Creation နှင့် Formatting၊ Data Calculation၊ Formula Usage နှင့် Visual Presentation Techniques များကို လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်ထားပါသည်။

ဤသင်ခန်းစာတွင် Algorithmic Thinking နှင့် Problem-Solving Skills များကို ဖွံ့ဖြိုးစေရန် Python Programming Language ကို အသုံးပြု၍ သင်ကြားပေးမည်ဖြစ်သည်။

Variables၊ Data Types၊ Control Structures နှင့် Basic Algorithms များကို လေ့လာကာ Programming Logic အခြေခံကို တည်ဆောက်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသော သင်ခန်းစာဖြစ်ပါသည်။

ဤသင်ခန်းစာတွင် Computer network အခြေခံသဘောတရားများနှင့် network အမျိုးအစားများကို လေ့လာရမည်ဖြစ်သည်။

Internet အခြေခံသဘောတရားများ၊ web browser နှင့် search strategies အသုံးပြုနည်းများအပြင် email နှင့် online collaboration tools များဖြင့် ဆက်သွယ်၍ ပူးပေါင်းလုပ်ဆောင်နည်းများကို လေ့လာရမည်ဖြစ်ပါသည်။

ဤသင်ခန်းစာတွင် Cybersecurity ၏ အခြေခံသဘောတရားများကို လေ့လာရမည်ဖြစ်သည်။ Security threats များအကြောင်းကို သိရှိကာ ကွန်ပျူတာနှင့် အင်တာနက်ကို လုံခြုံစွာ အသုံးပြုနိုင်ရန် safe computing practices များကို လေ့လာရမည်ဖြစ်သည်။

ထို့အပြင် data protection နှင့် privacy ၏အရေးပါမှုကို နားလည်ပြီး နည်းပညာအသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့်ဥပဒေဆိုင်ရာ အချက်များကို လေ့လာရမည်ဖြစ်သည်။

ဤသင်ခန်းစာတွင် Cloud Computing ၏ အခြေခံ၊ Architecture နှင့် ဝန်ဆောင်မှုများကို လေ့လာရမည်ဖြစ်ပါသည်။ ထို့အပြင် Cloud-Native App များ၏ လုပ်ဆောင်ပုံ၊ Security နှင့် Future Trends များအကြောင်းကိုလည်း သင်ယူရမည်ဖြစ်ပါသည်။

Google Site၊ Thunkable နှင့် Glide တို့ကို အသုံးပြု၍ Web နှင့် Mobile App များကိုတည်ဆောက်ပြီး Cloud ပေါ်တွင် Application များ ဖန်တီးမှုကို သင်ယူရမည်ဖြစ်သည်။

ဤသင်ခန်းစာတွင် AI Models နှင့် Prompt Engineering အခြေခံကို လေ့လာရမည်ဖြစ်ပါသည်။ ထို့အပြင် AI ၏ ကန့်သတ်ချက်နှင့် ဘေးထွက်ဆိုးကျိုးများကို နားလည်စေရန် သင်ကြားပေးမည်ဖြစ်ပါသည်။

Math, Science နှင့် Coding ဘာသာရပ်များတွင် AI ကို အကူအညီဖြစ်စေရန် အသုံးပြုနည်းနှင့် Research အပိုင်းတွင် ထိရောက်စွာ အသုံးချနည်းများကို သင်ယူရမည်ဖြစ်ပါသည်။

FAQs

Semester (၃)ခု ခွဲ၍ လေ့လာရမည်ဖြစ်ပြီး သင်တန်းကြေးမှာ (၉)သိန်း ကျပ်တိတိ ဖြစ်ပါသည်။

ကျောင်းလခ ပေးသွင်းမှုပုံစံ

ကျောင်းလခကို (၃) ကြိမ် အရစ်ကျ ပေးသွင်းနိုင်ရန် စီစဥ်ထားပါသည်။

  • စတင်အပ်နှံချိန်တွင် (၅)သိန်းကျပ် ပေးသွင်းရပါမည်။
  • Semester 1 ပြီးဆုံးပါက (၂)သိန်းကျပ် ပေးသွင်းရပါမည်။
  • Semester 2 ပြီးဆုံးပါက (၂)သိန်းကျပ် ပေးသွင်းရပါမည်။
Full Payment ခံစားခွင့်

သင်တန်းအပ်နှံစဥ် တစ်ခါတည်း ပေးသွင်းပါက (၈) သိန်း (၆) သောင်းကျပ် သာ ကျသင့်ပါမည်။

  • သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့ လေ့ကျင့်မှုများကို ပေါင်းစပ်၍ နားလည်ရလွယ်ကူစွာ လေ့လာသင်ယူရမည် ဖြစ်သည်။
  • သင်ခန်းစာများ ပြီးဆုံးသည့်အခါတွင် ကျောင်းသားများ၏ ကျွမ်းကျင်တတ်မြောက်မှုကို စနစ်တကျ အကဲဖြတ်နိုင်ရန် MCQs Mock Tests နှင့် Mock Assessments များကို ဖြေဆိုရမည် ဖြစ်သည်။

Foundation of Computer Studies


Certificate


20 Weeks


Assignments, Exercises


Grade 8 to 10 High School Students