Pre-University Foundation – Introduction to Computer Systems ဘာသာရပ် မိတ်ဆက်

Subject Introduction

Introduction to Computer Systems ဘာသာရပ်တွင် အောက်ပါသင်ခန်းစာများကို သင်ကြားမည်ဖြစ်ပြီး၊ Unit အဆုံးတွင် Final Project ဖြင့် အကဲဖြတ်မည်ဖြစ်ပါသည်။

Lesson Overview

ကွန်ပျူတာစနစ်များ မည်သို့အလုပ်လုပ်ပုံ၊ ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲလ်များ မည်သို့အလုပ်လုပ်ပုံကိုနားလည်စေရန် အခြေခံမူများနှင့် နည်းပညာများကို သင်ကြားပေးသည်။ ၎င်းပညာရပ်တွင် Algorithms (ပြဿနာဖြေရှင်းနည်း အဆင့်ဆင့်)၊ Data Structures (အချက်အလက်များကို စနစ်တကျထားရှိပုံ)၊ ပရိုဂရမ်ရေးသားခြင်း ဘာသာစကားများနှင့် ဒစ်ဂျစ်တယ် အခြေခံများ ကဲ့သို့သော အခြေခံကျသည့် အယူအဆများ ပါဝင်သည့်အတွက် နည်းပညာနယ်ပယ်တွင် ရှေ့ဆက်လေ့လာရန်အတွက် မရှိမဖြစ်လိုအပ်သော အစပျိုးခြေလှမ်းတစ်ခု ဖြစ်ပါသည်။

Computer Systemဆိုသည်မှာ Hardware နှင့် Software တို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် စနစ်တစ်ခုဖြစ်ပါသည်။ ဤသင်ခန်းစာတွင် စနစ်ဖွဲ့စည်းပုံ၊ Data များကို Input၊ Processing၊ Storage နှင့် Output ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို အဓိကထား လေ့လာရမည်။ စနစ်၏ အစိတ်အပိုင်းများ မည်သို့ဆက်သွယ် အလုပ်လုပ်သည်ကို နားလည်ခြင်းသည် နည်းပညာ ဗဟုသုတ တည်ဆောက်ရန်အတွက် အလွန်အရေးကြီးပါသည်။