Pre-University Foundation – Academic Skills ဘာသာရပ် မိတ်ဆက်

Subject Introduction

Academic Skills ဘာသာရပ်တွင် အောက်ပါ သင်ခန်းစာများကို သင်ကြားမည်ဖြစ်ပြီး၊ Unit အဆုံးတွင် Final Presentation နှင့် Final Paper တို့ဖြင့် အကဲဖြတ်မည်ဖြစ်ပါသည်။

Lesson Overview

စာသင်ခန်းထဲ၌ အများနှင့် လိုက်လျောညီထွေ နေတတ်ရန်၊ လူကြီးတစ်ဦးကဲ့သို့ ပြုမူနေထိုင်ရန်၊ လိမ္မာရေးခြားရှိပြီး ပညာလိုလားသူဖြစ်ရန်၊ အခြားကျောင်းသူ/ကျောင်းသားတို့၏ ပညာလေ့လာမှုကို အနှောက်အယှက်မပြုတတ်သော အလေ့အကျင့်ရှိရန် စသည့်အရည်အချင်းကောင်းများရှိစေရန် ရည်ရွယ်၍ သင်ကြားပါသည်။

College & University များတွင် အသုံးပြုသည့် သင်ကြားပို့ချမှုစနစ်သည် ယခင်သင်ကြားရေးပုံစံများနှင့် များစွာကွာခြားပါသည်။ College & University စနစ်တွင်ထိရောက်စွာ လေ့လာသင်ယူနိုင်ရန် Study Skills ကိုသိရှိထားရန် လိုအပ်ပါသည်။ ဤဘာသာရပ်၌ Learner types, Questioning, Critical reading, Notes taking, preview, review, brain neurons များအကြောင်း စသည်တို့ကို လေ့လာရပါမည်။

တိုးတက်အောင်မြင်လိုသူတိုင်း Procrastinationကို စိစစ်ဖယ်ထုတ်ပြိး အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲတတ်ရန် လိုပါသည်။ ရည်မှန်းချက်ပန်းတိုင် ချမှတ်ထားပြီး ယင်းသို့ရောက်ရှိအောင် အားထုတ်နေရန် လိုအပ်သကဲ့သို့ ပြန်လည်သုံးသပ်တတ်ရန်၊ ရလဒ်ကို တိုင်းတာတတ်ရန်အတွက် Smart goal setting, Pareto’s 80/20 principle, Urgency matrix စသည့်သင်ခန်းစာများကို လေ့လာသင်ယူရပါမည်။

International University & College များသို့ တက်ရောက် သင်ကြားသည့်အခါ Critical thinking အလေ့အထသည် Essential Skill တစ်ခုဖြစ်ပါသည်။

ဤဘာသာရပ်၌ Aspects of critical thinking, becoming critical thinkers, assumptions & fallacies စသည်တို့ကို လေ့လာသင်ယူကြရပါမည်။

ဤဘာသာရပ်တွင် သမားရိုးကျ တွေးခေါ်စဉ်းစားပုံမှ ဖယ်ခွာပြီး out-of-the-box တွေးခေါ်ပုံ၊ ပြသနာ ဖြေရှင်းပုံ နည်းလမ်းအမျိုးမျိုး (6W, Why-Why, Fishbone, etc.)၊ Brainstorming, Mindmapping Lateral thinking, Convergence thinking, Six hat thinking အဖြေထုတ်ပုံများ၊ ပြန်လည်ဆန်းစစ်ပုံများ (cost and benefit analysis, weighting method etc,) စသည် အမျိုးမျိုးတို့ကို လေ့လာကြရပါမည်။

မိမိတို့၏ ရှာဖွေတွေ့ရှိမှု၊ လုပ်ကိုင်ဆောင်ရွက်ထားရှိမှု၊ တွေးခေါ်စဥ်းစား၊ ဝေဖန်သုံးသပ်မှုတို့ကို ဆရာ/ဆရာမ နှင့် အခြားအတန်းဖော်များ၊ လုပ်ဖော်််ကိုင်ဖက်များအား တစ်ဦးချင်း (သို့)အဖွဲ့လိုက် တင်ပြဆွေးနွေးတတ်ရန်၊ တင်ပြလိုသည့် အကြောင်းအရာများကို အများလက်ခံယုံကြည်အောင် ဆွေးနွေးတင်ပြတတ်ရန်၊ အရောင်ရွေးချယ်မှုမှစ၍ take-home message ပြင်ဆင်ဖန်တီးပုံ၊ persuasive body-language များအကြောင်း၊ အမေးအဖြေ ကိုင်တွယ်‌ြေဖရှင်းနည်းများ စသည်တို့ကို သင်ယူရပါမည်။

စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှစ၍ နိုင်ငံရေး၊ အုပ်ချုပ်ရေးတိုင်အောင် နိုင်ငံတကာ လူမျိုးပေါင်းစုံ နှင့် ကူးလူးဆက်ဆံမှုများသည် တနေ့တခြား များပြားလာလျက်ရှိသည်။ မိမိတို့နှင့် တပါးသူတို့၏ ရိုးရာဓလေ့၊ ယုံကြည်သက်ဝင်မှု၊ ဘာသာရေး၊ ယဥ်််ကျေးမှု စသည်တို့ကို အပြန်အလှန် နားလည်လေးစားတတ်မှုတို့သည် အလွန်အရေးပါလာသောကြောင့် ကျောင်းသူ/ကေျာင်းသားများအနေဖြင့် ထိုဘာသာရပ်ကို သိရှိထားရန် လိုအပ်ပါသည်။

ထိရောက်သောလေ့လာမှုဖြစ်ရန်အတွက် မေးခွန်းများကို ထိရောက်စွာမေးတတ်ရန်၊ နားထောင်တတ်ရန်၊ မေးခွန်းပုံစံအမျိုးမျိုးကို နားလည်ပြီး သင့်လျော်််််သလို ပြန်လည်အသုံးချတတ်ရန် လိုအပ်ပါသည်။ ဤဘာသာရပ်၌ Body language မှစ၍ Active listening အထိအသိပညာများစွာကို လေ့လာရပါမည်။

စာပေ၊ သုတေသနစာတမ်းများမှာ အသုံးများသည့် author–date referencing style တစ်မျိုးဖြစ်ပြီး အသုံးပြုသည့် အချက်အလက်များ၏ အရင်းအမြစ်ကို ပြသရန် ရည်ရွယ်ပါသည်။ စာအတွင်းတွင် (Author, Year) ရေးပြီး စာအဆုံးတွင် Reference List ထည့်ရသည်။ ၎င်းနည်းလမ်းဖြင့် မူပိုင်ခွင့်ချိုးဖောက်မှုကိုရှောင်နိုင်ပြီး စာတမ်း၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်နိုင်သောကြောင့် လေ့လာသင်ယူရပါမည်။

ဤဘာသာရပ်သည် ကျင့်ဝတ်သိက္ခာ (Ethics) ကို နားလည်စေပြီး၊ တက္ကသိုလ်နှင့် အလုပ်ခွင်တို့တွင် လိုက်နာရမည့် ကောင်းမွန်သော လူမှုကျင့်ဝတ်များ (Etiquette) ကို သင်ကြားပေးသည်။ ၎င်းသည် ပညာရေးနယ်ပယ်၌ တာဝန်ယူမှုရှိရှိ နေထိုင်တတ်စေရန်၊ ပရော်ဖက်ရှင်နယ်နယ်ပယ်၌ အခြားသူများနှင့် စနစ်တကျ ဆက်ဆံလုပ်ကိုင်တတ်စေရန်နှင့် ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော လူမှုအရည်အချင်းများ (Soft Skills) ကို တည်ဆောက်ပေးပါသည်။