ယနေ့ခေတ် Computing နယ်ပယ်သည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး နည်းပညာအသစ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့်အတူ Computing Professionals များအနေဖြင့် ပြဿနာများကို Research ပြုလုပ်၍ ခွဲခြမ်းစိတ်ဖြာနိုင်သော စွမ်းရည်များကို ပိုင်ဆိုင်ထားရန် အရေးကြီးပါသည်။ ထို့ကြောင့် Research Skills၊ Critical Thinking နှင့် Problem-Solving Skills များသည် Computing လုပ်ငန်းခွင်တွင် အောင်မြင်စွာ လုပ်ကိုင်နိုင်ရန် လိုအပ်သော အခြေခံကျွမ်းကျင်မှုများ ဖြစ်ပါသည်။
ဤဘာသာရပ်တွင် Pearson မှ နှစ်စဉ်သတ်မှတ်ပေးသော Theme တစ်ခုအပေါ် အခြေခံ၍ ကျောင်းသားများသည် မိမိတို့၏ Specialist Pathway (သို့မဟုတ် General Computing Pathway) နှင့် သက်ဆိုင်သော Research Project တစ်ခုကို ရွေးချယ်၍ လေ့လာဆောင်ရွက်ရမည် ဖြစ်ပါသည်။ ရွေးချယ်ထားသော Project သည် Business Environment အတွင်းရှိ လက်ရှိ Computing ဆိုင်ရာ အရေးပါသော အကြောင်းအရာတစ်ခုကို လေ့လာသုံးသပ်နိုင်ရန် ရည်ရွယ်ပါသည်။
ဤဘာသာရပ်၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအား သတ်မှတ်ထားသော Computing နယ်ပယ်တစ်ခုအတွင်း စနစ်တကျ Research ပြုလုပ်နိုင်ရန် လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။ ကျောင်းသားများအနေဖြင့် သင့်လျော်သော Research Theme တစ်ခုကို သတ်မှတ်ရွေးချယ်ခြင်း၊ Research Aim နှင့် Objectives များ ရေးဆွဲခြင်း၊ Research Outcomes များ သတ်မှတ်ခြင်းနှင့် ရရှိလာသော Research Findings များကို Written Report နှင့် Verbal Presentation ပုံစံများဖြင့် တင်ပြခြင်းတို့ကို လေ့လာရမည် ဖြစ်ပါသည်။
သုတေသနလုပ်ငန်းစဉ်တစ်လျှောက် မိမိ၏ လေ့လာမှုအတွေ့အကြုံများ၊ လုပ်ဆောင်ခဲ့သည့် နည်းလမ်းများနှင့် ရရှိလာသော ရလဒ်များကို ပြန်လည်သုံးသပ်ခြင်း (Reflective Practice) ကိုလည်း အလေးထား လေ့လာရမည် ဖြစ်ပါသည်။ ထို့အပြင် မိမိ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ Personal Development အတွက် လိုအပ်သော တိုးတက်မှုအစီအစဉ်များကို ဖော်ထုတ်နိုင်ရန်လည်း ရည်ရွယ်ပါသည်။
ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် Research နှင့် Problem-Solving Activities များကို ယုံကြည်မှုရှိစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သော ပြဿနာများနှင့် Challenges များကို စနစ်တကျ လေ့လာခွဲခြမ်း၍ သင့်လျော်သော Solutions များကို ရှာဖွေတင်ပြနိုင်မည် ဖြစ်ပြီး Stakeholders များ နားလည်လက်ခံနိုင်သည့် Professional Format ဖြင့် Evidence-based Recommendations များကို တင်ပြနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် Communication Skills၊ Critical Thinking၊ Analysis၊ Synthesis၊ Reasoning နှင့် Interpretation Skills များကို ဖွံ့ဖြိုးတိုးတက်စေကာ Academic Study နှင့် Computing လုပ်ငန်းခွင်တွင် လိုအပ်သော Professional Competencies များကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ဤဘာသာရပ်မှတစ်ဆင့် Computing နှင့်ဆိုင်သော ပြဿနာများကို Research Methods နှင့် Evidence-based Research ကို အသုံးပြု၍ စနစ်တကျ လေ့လာသုံးသပ်နိုင်မည့် အခြေခံသဘောတရားများကို လေ့ကျင့်ရမည်။ Idea တစ်ခုကို မျှော်မှန်းချက်ဖြင့်မဟုတ်ဘဲ Research Skills, Critical Analysis Skills နှင့် Evidence များအပေါ် အခြေခံ၍ သက်သေပြနိုင်စွမ်း ကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။