HND in Computing – Planning a Computing Project ဘာသာရပ် မိတ်ဆက်

Subject Introduction

ယနေ့ခေတ်တွင် Computing Technologies များသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများသည်လည်း ၎င်းနည်းပညာများကို အသုံးချကာ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရန် အစဉ်မပြတ် ပြောင်းလဲအသုံးပြုလျက်ရှိပါသည်။ ထို့ကြောင့် Computing Professional တစ်ယောက်အနေဖြင့် နည်းပညာများ၏ ပြောင်းလဲတိုးတက်လာပုံကို နားလည်ထားပြီး မတူညီသော လုပ်ငန်းကဏ္ဍများတွင် ထိုနည်းပညာများကို မည်သို့အသုံးချနိုင်သည်ကို သိရှိထားရန် အရေးကြီးပါသည်။

ဤဘာသာရပ်သည် Pearson မှ နှစ်စဉ်သတ်မှတ်ပေးသော Theme ကို အခြေခံ၍ Centre မှ သတ်မှတ်ထားသော Project Brief အပေါ် မူတည်ကာ အကဲဖြတ်မည့် ဘာသာရပ်ဖြစ်ပါသည်။ ကျောင်းသားများသည် လက်ရှိ Computing နယ်ပယ်နှင့် သက်ဆိုင်သော အကြောင်းအရာတစ်ခုကို ရွေးချယ်၍ လုပ်ငန်းခွင်အခြေအနေ (Business Environment) နှင့် ဆက်စပ်ပြီး လေ့လာသုတေသန ပြုလုပ်ရမည် ဖြစ်ပါသည်။

သင်ကြားရာတွင် Independent Research ပြုလုပ်ခြင်း၊ အချက်အလက်များကို စုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ယုံကြည်စိတ်ချရသော အထောက်အထားများကို အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လိုအပ်သော Research Skills များကို ဖွံ့ဖြိုးတိုးတက်စေရန် အလေးထား သင်ကြားပေးမည် ဖြစ်ပါသည်။ ထို့အပြင် Project Brief တွင် သတ်မှတ်ထားသော Industry Sector ကို လေ့လာဆန်းစစ်ပြီး ရရှိလာသော Research Findings များကို အသုံးပြု၍ Computer-based Project တစ်ခုကို စနစ်တကျ စီမံကိန်းရေးဆွဲခြင်းနှင့် သင့်လျော်သော Tools နှင့် Technologies များကို လုပ်ငန်းအတွက် မည်သို့အသုံးချနိုင်ကြောင်း အကြံပြုချက်များ (Recommendations) တင်ပြခြင်းတို့ကိုလည်း လေ့လာရမည် ဖြစ်ပါသည်။

ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် Research၊ Critical Thinking၊ Problem-Solving နှင့် Project Planning Skills များကို လက်တွေ့အသုံးချနိုင်မည်ဖြစ်ပြီး Computing ဆိုင်ရာ ပြဿနာများကို လုပ်ငန်းခွင်အခြေအနေများနှင့် ဆက်စပ်၍ လေ့လာသုံးသပ်ကာ သင့်လျော်သော ဖြေရှင်းနည်းများနှင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် မိမိ၏ Research Findings နှင့် Recommendations များကို Stakeholders များ နားလည်လက်ခံနိုင်သည့် Professional Format ဖြင့် တင်ပြနိုင်သော အခြေခံအသိပညာနှင့် ကျွမ်းကျင်မှုများကိုလည်း ရရှိစေမည် ဖြစ်ပါသည်။

Learning Outcomes

ဤဘာသာရပ်မှတစ်ဆင့် Business Problems နှင့် Industry Requirements များ၊ Project Idea များ အတွက် ဖြစ်ပေါ်နိုင်သော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို သုံးသပ်နိုင်ရန် Research Skills, Analytical Thinking, Decision Making နှင့် Project Planning Skills များကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။

Subject Information

  • Code : H/618/7407
  • Type : Core
  • Level : 4
  • Credit : 15​

Assessment Method

  • Assignments
  • Presentations
  • Project Demonstrations
  • Defence