HND in Computing – Database Design & Development ဘာသာရပ် မိတ်ဆက်

Subject Introduction

ယနေ့ခေတ် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိရောက်စွာ လည်ပတ်နိုင်ရန်နှင့် e-commerce ကဲ့သို့သော Digital Business အခွင့်အလမ်းများကို အကျိုးရှိစွာ အသုံးချနိုင်ရန် Databases များကို အဓိကအသုံးပြုလျက်ရှိပါသည်။ Customer Information၊ Sales Records၊ Inventory Data နှင့် အခြားအရေးကြီးသော အချက်အလက်များကို Database များအတွင်း စနစ်တကျ သိမ်းဆည်းစီမံထားပြီး လုပ်ငန်းဆောင်ရွက်မှုများအတွက်သာမက Data Analysis နှင့် Business Decision Making အတွက်လည်း အသုံးပြုကြပါသည်။ ထို့ကြောင့် Database Design နှင့် Development ကို နားလည်ကျွမ်းကျင်ခြင်းသည် Software Engineer နှင့် IT Professional များအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါသည်။

ယနေ့ခေတ် Application များသည် ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ Database Systems များသည်လည်း ပိုမိုစနစ်ကျသော Data Structures၊ Interfaces နှင့် Data Management နည်းလမ်းများကို လိုအပ်လာပါသည်။ အဖွဲ့အစည်းအများစုသည် များပြားသော Data များကို Local Systems များနှင့် Cloud Platforms များတွင် သိမ်းဆည်းထားပြီး ထို Data များကို လုပ်ငန်းလည်ပတ်မှုအတွက်သာမက ပိုမိုတိုးတက်သော စနစ်များနှင့် ဝန်ဆောင်မှုများ ဖန်တီးနိုင်ရန်လည်း အသုံးပြုကြပါသည်။ ထို့ကြောင့် Databases များသည် အဖွဲ့အစည်းများတွင် အသုံးပြုနေသော Information Systems အများစု၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ဤဘာသာရပ်တွင် Database Design နှင့် Development ဆိုင်ရာ အခြေခံသဘောတရားများကို လေ့လာရမည်ဖြစ်ပြီး Database Design Tools နှင့် Techniques များ၊ Database Development Software များကို အသုံးပြု၍ Relational Database များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းတို့ကို သင်ယူရပါမည်။ ထို့အပြင် Data Integrity၊ Data Validation၊ Data Consistency နှင့် Data Security တို့ကို ထိန်းသိမ်းနိုင်သော Database များ တည်ဆောက်ခြင်း၊ Multiple Tables များကို ချိတ်ဆက်၍ Advanced Database Queries များ ရေးသားခြင်း၊ Database User Interfaces ဖန်တီးခြင်းနှင့် ပြင်ပစနစ်များနှင့် ချိတ်ဆက်အသုံးပြုခြင်းတို့ကိုလည်း လက်တွေ့လေ့လာရမည် ဖြစ်ပါသည်။

သင်ကြားရာတွင် Complex Reports နှင့် Dashboards များ ဖန်တီးခြင်း၊ Database System ကို User Requirements နှင့် System Requirements များအပေါ် အခြေခံ၍ Testing ပြုလုပ်ခြင်း၊ Technical Documentation နှင့် User Documentation များ ရေးသားခြင်းတို့ကိုလည်း ထည့်သွင်းသင်ကြားပေးမည် ဖြစ်ပါသည်။ အဓိကအားဖြင့် Relational Database Systems နှင့် သက်ဆိုင်သော Tools နှင့် Techniques များကို လေ့လာရမည်ဖြစ်ပြီး Object-Oriented Databases များအကြောင်းကိုလည်း မိတ်ဆက်အနေဖြင့် လေ့လာရမည် ဖြစ်ပါသည်။

ဤဘာသာရပ်ကို အောင်မြင်စွာ ပြီးဆုံးပါက ကျောင်းသားများအနေဖြင့် လက်တွေ့လုပ်ငန်းလိုအပ်ချက်များကို ဖြေရှင်းနိုင်သည့် Relational Database Systems များကို သင့်လျော်သော Tools များဖြင့် ဒီဇိုင်းရေးဆွဲ၍ ဖန်တီးနိုင်မည်ဖြစ်ပြီး၊ Database System များကို စမ်းသပ်အတည်ပြုခြင်းနှင့် ပြည့်စုံသော Technical နှင့် User Documentation များကို ပြင်ဆင်ရေးသားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Communication Skills၊ Critical Thinking၊ Analysis၊ Reasoning နှင့် Problem-Solving Skills များကိုလည်း ဖွံ့ဖြိုးတိုးတက်စေကာ ပညာရေးနှင့် လုပ်ငန်းခွင်တွင် လိုအပ်သော အခြေခံကျွမ်းကျင်မှုများကို ရရှိစေမည် ဖြစ်ပါသည်။

Learning Outcomes

ဤဘာသာရပ်မှတစ်ဆင့် လုပ်ငန်းခွင်သုံး Data များကို စနစ်တကျ သိမ်းဆည်းစီမံခြင်း၊ ဆက်စပ်ချိတ်ဆက်ခြင်း နှင့် လိုအပ်သော အချက်အလက်များကို လျင်မြန်တိကျစွာ ရှာဖွေထုတ်ယူနိုင်သည့် Database Designဆွဲခြင်း, Normalization ကို အသုံးပြု၍ Data Redundancy များကို လျှော့ချခြင်း, Data Integrity ကို ထိန်းသိမ်းခြင်း နှင့် Query Writing တို့၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ Reports နှင့် Dashboards များ ဖန်တီးနိုင်စေမည် ဖြစ်ပါသည်။

Subject Information

  • Code : A/618/7400
  • Type : Core
  • Level : 4
  • Credit : 15​

Assessment Method

  • Assignments
  • Presentations
  • Project Demonstrations
  • Defence