Object-Oriented Programming in Java

OOP နည်းပညာဟူသည်မှာ program တွင် ပါ၀င်သော Programming Logic and process များကို အဓိက မထားပဲ Data & Object များကို အဓိကထား၍ စနစ်တကျ သတ်မှတ်စဉ်းစားကာ ၊ ယင်း Object များကို ဖန်းတီးခြင်း ၊ Object များကို ကိုယ်စားပြုမည့် Data များကို စနစ်တကျ သတ်မှတ်ခြင်း ၊ Object များကို ကိုယ်ပိုင် method များဖြင့် လုပ်ကိုင်နိုင်စွမ်းရှိအောင် ပြုလုပ်ပေးခြင်း ၊ ယင်း Object များနှင့် တွဲဖက်လုပ်ကိုင်ခြင်း စသည့်ဖြင့် Object များပေါ်တွင်သာ အဓိကထားဖန်တီးရေးသားရသော programming paradigm တစ်ခုဖြစ်ပါသည်။

OOP ကို အသုံးပြု၍ အသုံးချ program များရေးသားရာတွင် Object များသည် Interactive Object များ အဆင့်သို့ ရောက်ရှိအောင် ရေးသားရန် အဓိက ဦးတည်သင်ကြားသည်။ OOP ကို မှန်ကန်စွာ အသုံးချခြင်းဖြင့် Code Reuse ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ပုံများကို လက်တွေ့ သင်ခန်းစာများ ဖြင့် သင်ကြားမည်။ Project တစ်ခုကို အခြေခံ၍ ယင်းကို OOP approach ဖြင့် ရေးသားနိုင်သည်အထိ သင်ကြားပါမည်။ OOP Design Pattern များကို မှန်ကန်စွာ အသုံးချပုံများ ပါ၀င်သည်။

အောက်ပါသင်ခန်းစာများ သင်ယူရမည် ဖြစ်ပါသည်။

 

  • Reviewing Java Language Fundamentals:  Java Language တွင် သိထားပြီးသည်များကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ပါသည်။
  • Learning Object Oriented Principles: OOP နည်းပညာ၏ အခြေခံ သီအိုရီများကို လက်တွေ့ အသုံးချ သင်ခန်းစာများဖြင့် သင်ကြားမည်။
  • Designing Interactive GUI Applications with OOP approach: OOP ကို ကျယ်ပြန့်စွာ အသုံးချပြီး GUI Design ကို ပြုလုပ်ပုံများကို သင်ကြားမည်။
  • Introduction to Design Patterns: OOP ကို model အမျိုးမျိုး ၊ Design Patten အမျိုးမျိုး ဖြင့် သုံးစွဲလျှက်ရှိကြပြီး ယနေ့ခေတ် Programmer များအတွက် အခြေခံကျကျ သိရှိရန် လိုအပ်သော နည်းပညာရပ်ဖြစ်ပါသည်။ Object များကို လက်တွေ့ရေးသားရာတွင် သိရှိလိုက်နာ ရန် လိုအပ်သော Design Patterns များ အကြောင်းကို သင်ကြားရပါမည်။
  • Object Oriented File Handling: Program များရေးသာရာတွင် data များကို သိမ်းထားရန် အတွက် Database အခြေခံ File Handling ကိုသင်ကြားပါမည်။

 

 

Java Language အခြေခံရှိပြီးသူများ တက်ရောက်နိုင်ပါသည်။

သင်တန်းကြေးသည် မိမိတက်လိုသည့် သင်တန်းပေါ်မူတည်၍ ပုံစံ(၂)မျိုးရှိပါသည်။

(၁) ဖွင့်လှစ်မည့်အတန်း တခုခုတွင်တက်ရသည့် Normal Fee
(၂) မိမိတဦးတည်း ကိုသာသီးသန့် သင်ကြားပေးရသည့် Special Fee

ဤ သင်တန်း၏ သင်တန်းကြေး နှုန်းထားများမှာ-

(က) Normal Fee                    = ၂၅၀,၀၀၀ ကျပ်တိတိ။
(ခ) Special Fee                       = ၅၀၀,၀၀၀ ကျပ်တိတိ။

သင်တန်းကြေးကို KPay ဖြင့်သော်၎င်း၊ cash ဖြင့်‌သော်၎င်း ပေးသွင်း နိုင်ပါသည်။

အကြောင်းကြောင်းကြောင့် သင်တန်းတက်မည့်သူပြောင်းလဲခြင်း၊ သင်တန်းရက်/အချိန် ပြောင်းလဲခြင်း၊ အရေးပေါ်အခြေအနေ တစုံတရာအရ သင်တန်းယာယီ ရပ်နားထား ရန်လိုအပ်ခြင်း၊ စသည့် မမျှော်မှန်းနိုင်သည့် အကြောင်းတစုံတရာ ဖြစ်ပေါ်ပါက နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ကြိုတင် ညှိနှိုင်းဆောင်ရွက် နိုင်ပါသည်။

 (၁)ကြိမ်သင်တန်းတက်ပြီးသူတိုင်း နောက်သင်တန်းများအတွက် (၁၀% Discount) ခံစားခွင့် ရရှိပါမည်။

နေ့စဉ် တရက်လျှင် (၂း၀၀)နာရီ။
အပါတ်စဥ် တနင်္လာနေ့မှ ကြာသပတေး နေ့ အထိ
သင်တန်းကာလ။ ရက်သတ္တပါတ် (၈) ပါတ်။
သင်ကြားချိန်စုစုပေါင်း။ (၆၄)နာရီ။
နေ့စဉ် တရက်လျှင် (၃း၀၀)နာရီ။
အပါတ်စဥ် စနေနေ့၊ တနင်္ဂနွေနေ့
သင်တန်းကာလ။ ရက်သတ္တပါတ် (၁၁) ပါတ်။
သင်ကြားချိန်စုစုပေါင်း။ (၆၄)နာရီ။

တန်းခွဲတစ်တန်းစီတိုင်းတွင် သင်တန်းသား ၁၂ ဦးလက်ခံသင်ကြားပေးပြီး သင်တန်းသားတစ်ယောက်လျှင် ကွန်ပျူတာတစ်လုံးစီနှင့် သင်ကြားပေးပါသည်။  

သင်တန်းတက်ရောက်သည့်ရက် ၇၅ ရာခိုင်နှုန်း ပြည့်မြောက်လျှင် သင်တန်းတက်ရောက်ပြီးစီးကြောင်း Certificate ရရှိမည်ဖြစ်ပါသည်။ 

ဖွင့်လှစ်မည့် အတန်းသစ်များ။

ရက်စွဲ သင်တန်းတက်ရမည့်ရက်များ သင်တန်းချိန် လက်ခံမည့် ကျောင်းသားဦးရေ
၂၆-၀၆-၂၀၂၃ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ ၉း၀၀ – ၁၀း၃၀ ၁၂ ဦး
       
       
       
       
       

1
Reviewing Java Language Fundamentals
2
Learning Object Oriented Principles
3
Designing Interactive GUI Applications with OOP approach
4
Introduction to Design Patterns
5
Object Oriented File Handling
6
Learning Software Design
7
Learning Database Design and Pattern

Be the first to add a review.

Please, login to leave a review
Prerequisites
Enrolled: 12 students
Duration: 64 Hours
Lectures: 7
Level: Professional Level

Archive