Programming in Python

Programming ကိုခုမှစ၍ လေ့လာမည့်သူများအတွက်ရည်ရွယ်ရေးဆွဲထားသောကြောင့် Programming အခြေခံတွေးခေါ်ပုံမှစ၍ လေ့လာရပါမည်။ Python သည် ရိုးရှင်းပြီး စည်း/‌ဘောင် နည်းသည့်အတွက် လေ့လာရ လွယ်ကူပါသည်။ Python ၏ အားသာချက်များမှာ-

၁။ ‌ပေါ့ပါး/မြန်ဆန်ခြင်း။

၂။ လေ့လာရန် ရိုးရှင်းလွယ်ကူခြင်း။

၃။ Code များသည် Simple English ကဲ့သို့ ဖတ်ရှုနားလည်နိုင်ခြင်း။

၄။ Text processing များလုပ်ရာ၌ တမူထူးခြားပြီး မြန်ဆန်ခြင်း။

၅။ Data science, big data analytics, natural language processing, machine learning စသည့်နည်းပညာရပ်များ၌ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း။

၆။ Cyber security analysis, penetration testing သည့်နည်းပညာရပ်များ၌လည်း တွင်ကျယ်စွာ အသုံးပြူနိုင်ခြင်း။

ရ။ ထို့အပြင် networking device များကို configuration ပြုလုပ်ရန်လည်း အသုံးပြုနိုင်ခြင်း။

၈။ Web project များ၌ back-end processing များအတွက် Python ဖြင့် ရေးသားနိုင်ခြင်း။

နိုင်ငံတကာ အခြေခံပညာကျောင်းများ၌ ကလေးများအား Computer Science ဘာသာရပ်ကို သိရှိနားလည်စေရန်သင်ကြားရာ၌ language ၏ ရှင်းလင်းလွယ်ကူမှုကြောင့် Python ကို အသုံးပြုနေကြပါသည်။

ဤသင်တန်းကို Computer Science စတင်လေ့လာလိုသည့်ကျောင်းသူ/ကျောင်းသားများ၊ computer programming ကိုစတင်လေ့လာလိုသူများ၊ Data science, Machine learning, natural language processing (NLP), text mining စသည်တို့ကို ဆက်လက်လေ့လာ လိုသူများအတွက် ရည်ရွယ်ပါသည်။

Learning to code not only allows you to give machines
instructions, but it also teaches you abstract thinking and; more importantly,
creative problem-solving.

  • Introduction to Computer and Programming
  • Input, Processing, and Output
  • Decision Structures and Boolean Logic
  • Repetition Structures
  • Functions and Recursion
  • Files and Exceptions
  • Lists and Tuples
  • More About Strings
  • Dictionaries and Sets

ကွန်ပျူတာအခြေခံ အသုံးပြုနည်း(Computer Basic) သိထားရပါမည်။

သင်တန်းကြေးသည် မိမိတက်လိုသည့် သင်တန်းပေါ်မူတည်၍ ပုံစံ(၂)မျိုးရှိပါသည်။

(၁) ဖွင့်လှစ်မည့်အတန်း တခုခုတွင်တက်ရသည့် Normal Fee
(၂) မိမိတဦးတည်း ကိုသာသီးသန့် သင်ကြားပေးရသည့် Special Fee

ဤ သင်တန်း၏ သင်တန်းကြေး နှုန်းထားများမှာ-

(က) Normal Fee                    = ၂၅၀,၀၀၀ ကျပ်တိတိ။
(ခ) Special Fee                       = ၅၀၀,၀၀၀ ကျပ်တိတိ။

သင်တန်းကြေးကို KPay ဖြင့်သော်၎င်း၊ cash ဖြင့်‌သော်၎င်း ပေးသွင်း နိုင်ပါသည်။

အကြောင်းကြောင်းကြောင့် သင်တန်းတက်မည့်သူပြောင်းလဲခြင်း၊ သင်တန်းရက်/အချိန် ပြောင်းလဲခြင်း၊ အရေးပေါ်အခြေအနေ တစုံတရာအရ သင်တန်းယာယီ ရပ်နားထား ရန်လိုအပ်ခြင်း၊ စသည့် မမျှော်မှန်းနိုင်သည့် အကြောင်းတစုံတရာ ဖြစ်ပေါ်ပါက နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ကြိုတင် ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။

(၁)ကြိမ်သင်တန်းတက်ပြီးသူတိုင်း နောက်သင်တန်းများအတွက် (၁၀% Discount) ခံစားခွင့် ရရှိပါမည်။

နေ့စဉ် တရက်လျှင် (၂း၀၀)နာရီ။
အပါတ်စဥ် တနင်္လာနေ့မှ ကြာသပတေး နေ့ အထိ
သင်တန်းကာလ။ ရက်သတ္တပါတ် (၈) ပါတ်။
သင်ကြားချိန်စုစုပေါင်း။ (၆၄)နာရီ။
နေ့စဉ် တရက်လျှင် (၃း၀၀)နာရီ။
အပါတ်စဥ် စနေနေ့၊ တနင်္ဂနွေနေ့
သင်တန်းကာလ။ ရက်သတ္တပါတ် (၁၀) ပါတ်။
သင်ကြားချိန်စုစုပေါင်း။ (၆၄)နာရီ။
  • Python Language
  • OOP in Python
  • Programming Logic and Design
  • Foundation for learning data science, data analytic, machine learning, NLP, & IoT, Robotic in Python

 

တန်းခွဲတစ်တန်းစီတိုင်းတွင် သင်တန်းသား ၁၂ ဦးလက်ခံသင်ကြားပေးပြီး သင်တန်းသားတစ်ယောက်လျှင် ကွန်ပျူတာတစ်လုံးစီနှင့် သင်ကြားပေးပါသည်။  

သင်တန်းတက်ရောက်သည့်ရက် ၇၅ ရာခိုင်နှုန်း ပြည့်မြောက်လျှင် သင်တန်းတက်ရောက်ပြီးစီးကြောင်း Certificate ရရှိမည်ဖြစ်ပါသည်။ 

ဖွင့်လှစ်မည့် အတန်းသစ်များ။

ရက်စွဲ သင်တန်းတက်ရမည့်ရက်များ သင်တန်းချိန် လက်ခံမည့် ကျောင်းသားဦးရေ
၂၇-၀၅-၂၀၂၃ စနေ၊ တနင်္ဂနွေ။ ၁း၀၀ – ၄း၀၀ ၁၂ ဦး
       
       
       
       
       

1
Introduction to Computer and Programming
2
Input, Processing, and Output
3
decision Structures and Boolean Logic
4
Repetition strctures
5
Functions & Recursion
6
Files and Exceptions
7
Lists and Tuples
8
More About Strings
9
Dictionaries and Sets
10
Casses and Object-Oriented Programming
11
Inheritance
12
GUI Programming
13
Database Programming
ကွန်ပျူတာအသုံးပြုနည်း အခြေခံသိထားရပါမယ်။ Programming in Python ကို အခြေခံကစသင်ပေးပါတယ်။
Programming အလုပ်အကိုင်က Software တကယ်ရေးနိုင်တဲ့သူတွေအတွက် ပြည်တွင်း/ ပြည်ပ မှာ Programmer အနေဖြင့် အလုပ်လုပ်ကိုင်နိုင်ပါတယ်။
Programming ဘာသာရပ်မှာ Java / Python ရှိတဲ့အထဲမှ Beginner တွေအတွက် ဘယ်အရာက ပိုအဆင်ပြေမလဲဆိုရင် Java က စည်းနှင့်ကမ်းနှင့်ဆိုတော့ နဲနဲခက်ပေမဲ့ လေ့လာသူအတွက်ပိုကျန်နိုင်ပါတယ်။ Python က စည်းကမ်းနည်းတော့ လေ့လာရလွယ်ကူပါတယ်။ Programming Technique တွေကို Java မှာ ပြည့်ပြည့်စုံစုံ လေ့လာလို့ရပင်မဲ့ Python မှာ တော်တော်များများကို လုပ်လိုက်ပါတယ်။ မိမိရည်မှန်းချက်နှင့် ရွေးချယ်သင့်ပါတယ်။
Computer Science ဆိုတာက Programmer,System Engineer,Software Engineer, Database Engineer, DevOps, Software Architect, Solution Architect, AI/ML Researcher, Data Science စသဖြင့် ဘာသာရပ်တွေ ပါဝင်ပါတယ်။ Programming က ရဲ့ Computer Science ဘာသာရပ်ဆိုင်ရာ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ Programmerတစ်ဦးဖြစ်ဖို့ လိုအပ်တဲ့ Theory တွေ , ဘာသာရပ်တွေ အားလုံးတတ်မှသာ Programmer လုပ်လို့ရပါမယ်။ Short Course တန်း ဆိုတာက သိပြီးသားသူတွေအတွက် ထပ်ပိုးလေ့လာမှု ဖြစ်ပါတယ်။

Be the first to add a review.

Please, login to leave a review
Get course
Enrolled: 9 students
Duration: 64 Hours
Lectures: 13
Level: Professional Level

Archive