Microsoft Office 365

ယနေ့ခေတ်တွင် အစိုးရဌာန ဆိုင်ရာရုံး လုပ်ငန်းများ၊ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းများ၊ အသင်းအဖွဲ့/ အဖွဲ့ အစည်းများ စသော လုပ်ငန်းနယ်ပယ်အသီးသီးသို့ ဝင်ရောက် လုပ်ကိုင်လိုသူများအနေဖြင့် ကွန်ပျူတာ နည်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး ထိရောက်စွာ အသုံးချတတ်ဖို့ လိုအပ်ပါသည်။

နယ်ပယ် အသီးသီး၌ နေ့တဒူဝ လုပ်ငန်းတာဝန်များကို စနစ်တကျ လုပ်ကိုင်နိုင်ဖို့၊ မိမိဆွေးနွေး လိုသော အကြောင်းအရာများ ကို ထိရောက်စွာ ရှင်းလင်းတင်ပြ တတ်ဖို့၊ စနစ်ကျနပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသော Information Worker ကောင်းများ ဖြစ်လာစေဖို့ ဤသင်တန်းမှ ရည်ရွယ်ပါသည်။

  • မိမိတို့၏ အိုင်တီဆိုင်ရာ ကျွမ်းကျင်မှုကို ပိုမို ဖြည့်တင်း လိုသူများ၊
  • ကျောင်း Assignment များ၊ Paper, Thesis များ ပြုစုရာ လိုအပ်ချက် ရှိနေကြသူများ၊
  • အလုပ် လျှောက်ထားရန် ကြိုတင် ပြင်ဆင် နေကြ သူများ၊
  • အားလပ်ချိန်မှာ အနာဂါတ်အတွက် ပညာရပ် အစုံတရာ ကို လေ့လာထား လိုသူများ၊ လေ့လာ ထားသင့်သည့် သင်တန်းတစ်ခု ဖြစ်ပါသည်။

ကွန်ပျူတာနှင့် စတင် ထိတွေ့မည့်သူတိုင်း တက်ကျွမ်း ထားရမည့် အခြေခံကွန်ပျူတာ အကျွမ်းဝင်မှု (Digital Literacy) သင်တန်းတခု ဖြစ်ပါသည်။

ကွန်ပျုတာနှင့် စတင်ထိတွေ့မည့်သူတိုင်း တက်ရောက်ထားသင့်သော Digital Literacy အခြေခံကွန်ပျူတာ သင်တန်းတစ်ခု ဖြစ်ပါသည်။

ဤသင်တန်းသည် ကွန်ပျူတာနှင့်လုံးဝထိတွေ့မှု မရှိဖူးသေးသော်လည်း တချိန်ချိန်မှာ Information Worker တစ်ဦးအဖြစ် ရပ်တည်လာမှာ ဖြစ်ပြီး Information Worker တဦးအနေဖြင့် သိရှိနားတတ် ကျွမ်းထားသင့်သည့် အောက်ပါအခြေခံ နည်းပညာ တို့ကို သင်ယူလေ့လာရပါမည်။

(က) ICT ဆိုင်ရာ အခြေခံ အတွေးအခေါ်များ၊ အခေါ်အဝေါ်များ၊ လုပ်ဆောင်ပုံအနှစ်ချုပ်များ နှင့် ဖော်ပြရှင်းလင်းချက်များ။
(ခ) မိမိကွန်ပျူတာကို လွယ်လင့်တကူ အသုံးချနိုင်စေရန် အတွက် လိုရင်းတိုရှင်း (Windows 10) အသုံးပြုနည်း။
(ဂ) ရုံးစာ/ကျောင်းစာများ ရိုက်တတ်စေရန် အတွက် Microsoft Word 365 ကို သုံးပြု၍ အခြေခံစာစီ/စာရိုက်ပြုလုပ်နည်း။
(ဃ) ကွန်ပျူတာထဲ စာရင်း/ဇယားများရေးသွင်း တတ်စေဖို့အပြင် အသုံးစာရင်း/ အရောင်းစာရင်း/ အဝယ်စာရင်း စသည့် သာမာန်စာရင်းများကို ကွန်ပျူတာတွင်မှတ်သားထားနိုင်စေဖို့၊ စာရင်းအင်းဆိုင်ရာ အခြေခံ Formula & Function များ အသုံးပြုပြီး ပေါင်းနှုတ် မြောက်စား/ အကြမ်းဖျင်း အရှုံး/အမြတ် စသည်တို့ကို လုပ်ကိုင်တတ်စေဖို့။
(င) အလုပ်လိုအပ်ချက်အရသော်လည်းကောင်း၊ ကျောင်းလိုအပ်ချက်အရသော်လည်းကောင်း အခါအားလျှောင်စွာ မိမိတို့သည် လူများ ရှေ့မှောက် တွင် သရုပ်ပြ/တင်ပြရှင်းလင်းချက်များ (Presentation) လုပ်ရန်လိုအပ်ပါသည်။ ထိုသို့ လုပ်ကိုင်နိုင်ရန် အချက်(၂)ခုကို လေ့လာထားရပါမည်။
      ၁။ Presentation skills (public speaking psychology, body language, rules of persuasion, closing)
       ၂။ Microsoft PowerPoint ကို သုံး၍ လှပသပ်ယပ်ပြီး ဆွဲဆောင်မှုရှိသည့် Powerful Presentation Media ကို ပြုလုပ်ဖန်တီးခြင်း တို့ဖြစ်ပါတယ်။

ဤသင်တန်းမှာ အထက်ပါအချက်များ အားလုံးကို လက်တွေ့ပုံစံများစွာဖြင့် လေ့လာသင်ကြား ရမှာ ဖြစ်ပါတယ်။

၁။ မည်သူမဆို တက်ရောက်နိုင်ပါသည်။

သင်တန်းကြေးသည် မိမိတက်လိုသည့် သင်တန်းပေါ်မူတည်၍ ပုံစံ(၃)မျိုးရှိပါသည်။

(၁) ဖွင့်လှစ်မည့်အတန်း တခုခုတွင်တက်ရသည့် Normal Fee
(၂) မိမိတဦးတည်း ကိုသာသီးသန့် သင်ကြားပေးရသည့် Special Fee
(၃) သူငယ်ချင်း အုပ်စုလိုက်သီးသန့် သင်ကြားပေးရသည့် Group Fee
    (Minimum Student / Group = 3 Students)

ဤ သင်တန်း၏ သင်တန်းကြေး နှုန်းထားများမှာ-

(က) Normal Fee                    = ၁၂၀,၀၀၀ ကျပ်တိတိ။
(ခ) Special Fee                       = ၂၀၀,၀၀၀ ကျပ်တိတိ။
(ဂ) Group Fee (/Student)     =  ၁၀၀,၀၀၀ ကျပ်တိတိ။

သင်တန်းကြေးကို KPay ဖြင့်သော်၎င်း၊ cash ဖြင့်‌သော်၎င်း ပေးသွင်း နိုင်ပါသည်။

အကြောင်းကြောင်းကြောင့် သင်တန်းတက်မည့်သူပြောင်းလဲခြင်း၊ သင်တန်းရက်/အချိန် ပြောင်းလဲခြင်း၊ အရေးပေါ်အခြေအနေ တစုံတရာအရ သင်တန်းယာယီ ရပ်နားထား ရန်လိုအပ်ခြင်၊ စသည့် မမျှော်မှန်းနိုင်သည့် အကြောင်းတစုံတရာ ဖြစ်ပေါ်ပါက နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ကြိုတင် ညှိနှိုင်းဆောင်ရွက် နိုင်ပါသည်။

 (၁)ကြိမ်သင်တန်းတက်ပြီးသူတိုင်း နောက်သင်တန်းများအတွက် (၁၀% Discount) ခံစားခွင့် ရရှိပါမည်။

နေ့စဉ် တရက်လျှင် (၂း၀၀)နာရီ။
အပါတ်စဥ် တနင်္လာနေ့မှ ကြာသပတေး နေ့ အထိ
သင်တန်းကာလ။ ရက်သတ္တပါတ် (၆) ပါတ်။
သင်ကြားချိန်စုစုပေါင်း။ (၄၈)နာရီ။

ဖွင့်လှစ်မည့် အတန်းသစ်များ။

ရက်စွဲ သင်တန်းတက်ရမည့်ရက်များ သင်တန်းချိန် လက်ခံမည့် ကျောင်းသားဦးရေ
၂၈-၁၁-၂၀၂၃ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ။ ၁း၀၀ – ၃း၀၀ ၁၂ ဦး
၄-၁၂-၂၀၂၃ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ။ ၃း၀၀ – ၅း၀၀ ၁၂ ဦး
၁၁-၁၂-၂၀၂၃ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ။ ၁၀း၃၀ – ၁၂း၃၀ ၁၂ ဦး
 ၂-၁၂-၂၀၂၃  စနေ၊ တနင်္ဂနွေ။ ၁း၀၀ – ၄း၀၀  ၁၂ ဦး
  ၉-၁၂-၂၀၂၃  စနေ၊ တနင်္ဂနွေ။  ၉း၀၀ – ၁၂း၀၀  ၁၂ ဦး
       

ICT Essentials

1
ICT in Business Context
2
Using Windows

Office Suite

1
Microsoft Word
2
Microsoft Excel
3
Microsoft PowerPoint

Be the first to add a review.

Please, login to leave a review
Get course
Enrolled: 12 students
Duration: 60 Hours
Lectures: 5
Level: User Level

Archive