HND in Computing (Software Engineering)

Marketing Flyer

File size: 88 mB

ယနေ့ခေတ်ကမ္ဘာကြီးတွင် စီမံအုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စစ်မက် ရေးရာ အစစအရာရာ ကို ကွန်ပျူတာနည်းပညာဖြင့် ထိန်းချုပ်လုပ်ဆောင်နေကြပါသည်။

ကွန်ပျူတာကွန်ပျူတာနည်းပညာ၏ ကြီးမားလှသည့် တိုးတက်မှုကြောင့် လူ့အသုံးအဆောင် Electronic ပစ္စည်း တိုင်း လိုလိုသည့် ကွန်ပျူတာ တလုံးနှင့် လုပ်ဆောင်မှုပုံစံ မခြားနားတော့ပါ။ ယနေ့ခေတ် ကျွန်ုပ်တို့ ပါတ်ဝန်းကျင်၌ တွေ့မြင် နေရသည့် Phone, Tablet, Smart TV စသည်တို့သည် ကွန်ပျူတလုံးပင်ဖြစ်ပါတော့သည့်။

အင်တာနက်ကြောင့် ကမ္ဘာ့ စီးပွါးရေး ပုံသဏ္ဍာန် များစွာ ပြောင်းလဲ လာခဲ့ရပါသည်။ အထူးသဖြင့် အင်တာနက် သည် စီးပွားရေး လုပ်ငန်းများ အတွက် ကုန်ကျစရိတ် နည်းပါးပြီး တကမ္ဘာလုံးသို့ လက်လှမ်းမှီစေသောကြောင့် ကြီးမားကျယ်ပြန့်မှုအရှိဆုံး စျေးကွက်အသစ် တစ်ခု အဖြစ် ဖော်ဆောင် လာပါ သည်။

မိရိုးဖလာ လုပ်ငန်းများ သည် လည်း အင်တာနက်ပေါ်သို့ ရောက်ရှိ လာကြပြီး ကမ္ဘာကြီး၏ ပုံစံသစ် စီးပွားရေး လုပ်ငန်းများ အဖြစ်သို့ လျှင်မြန်စွာ ကူးပြောင်း လာခဲ့ပါသည်။ ယင်းကူပြောင်းမှု ဖြစ်စဉ်၌ ယခင်က အတွေးပင် မရှိခဲ့ဘူး သည့် လုပ်ငန်းအသစ်များ၊ လုပ်ကိုင်ဆောင်ရွက်မှု ပုံစံသစ်များ၊ ကုန်ပစ္စည်း အသစ်များ နှင့် ဝန်ဆောင်မှု အသစ်များစွာ ပေါ်ပေါက် လာခဲ့ပါသည်။

ထိုပုံစံသစ်များသည် ကွန်ပျူတာ ပညာရှင်တို့ အတွက် စိမ်ခေါ်မှုအသစ်များ၊ နည်းပညာ တီထွင်မှု အသစ်များ၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်များ၊ အိုင်တီကုန်ပစ္စည်း အသစ်များ၊ တွေးခေါ်စဉ်းစားမှု အသစ် များစွာ တို့ကို ပေါ်ပေါက် လာစေခဲ့ ပါသည်။

ယခင်ရှိပြီး သမားရိုးကျ လုပ်ငန်းများ အပြင် အင်တာ နက်ပေါ်၌သာ လုပ်ကိုင်နေ ကြသည့် လုပ်ငန်းများအားလုံး ပုံမှန် ရောင်းဝယ် ဖောက်ကား လည်ပါတ်နိုင်ရေး၊ လုပ်ငန်း လိုအပ်ချက် အသစ်များကို တိုးချဲ့ဖြည့်တင်း နိုင်ရေး၊ အသစ်ပေါ်ပေါက်လာသည့် စိမ်ခေါ်မှုတို့ကို ကိုင်တွယ် နိုင်ရန် စသည်တို့ လိုအပ်ချက် များစွာ တို့အတွက် Software အသစ်တီထွင်ရန်လိုအပ်လာပါသည်။ ထို့အပြင် Hardware platform ပေါင်းစုံပေါ်၌ အလုပ်လုပ်နိုင် မည့် Business solution ပုံစံသစ်များ (Windows, Web, Mobile, Tablet etc.)၊ Cloud ပေါ် အလုပ်လုပ် နိုင်ရေး၊  ရှိပြီး Data များကို Mining, Business intelligence analysis, BI Dashboard များပြုလုပ်ရေး စသည် မပြီးစီး နိုင်သော လိုအပ်ချက်များစွာတို့ ဖြည့်ဆည်းနိုင်ရန်အတွက် ကွန်ပျူတာ Software engineer များစွာ လိုအပ် လာပါသည်။

Software Engineer / Developer အလုပ်သည် –

  • IT ပညာရပ်များကို စိတ်ပါဝင်စားပြီး၊ စဉ်းစားတွေးခေါ် အဖြေရှာရခြင်းကို နှစ်သက်သူများ။

Out of the box စဉ်းစားတွေးခေါ်ခြင်းကိုနှစ်သက်သူများ။

ပညာရပ်ဆိုင်ရာအလုပ်ဖြစ်သည့်အလျှောက် စဉ်းစားတွေးခေါ်မှုဖြင့် ခက်ခဲသည့် ပြဿနာများကို အဖြေရှာရန် နှစ်သက်သူများ။

ဆန်းသစ်သည့် အတွေးအခေါ်များဖြင့် Software များကို တီထွင်ဆန်းသစ် လိုစိတ်ရှိသူများ။

ပေါ်ပေါက်လာသည့် ပညာရပ်အသစ်အဆန်းများ‌ကို လေ့လာစမ်းသပ်ပြီး ယခင်အလုပ်များ လုပ်ကိုင်ရာ၌ ဤနည်းပညာအသစ်က မည့်သို့ အသုံးချနိုင်ကြောင်း လေ့လာဆန်းစစ်လိုစိတ်ရှိသူများ။

မိမိကိုယ်ကို နည်းပညာပိုင်းဆိုင်ရာ အဆင့်တခုရှိနေအောင် စဉ်ဆက်မပြတ် လေ့လာ အားထုတ်လိုစိတ်ရှိသူများ။

ကွန်ပျူတာကို မိမိလိုသလို ခိုင်းစေပြီး လိုအပ်တွက်ချက်မှုများကို အဖြေရှာ ထုတ်ပေးရန် စိတ်ပါ ဝင်စားသူများ ဖြစ်ပါသည်။

နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး လေ့လာအသုံချရသည့် နည်းပညာရှင်များအဖြစ်လုပ်ကိုင်ရမည် ဖြစ်သောကြောင့်  အသက်မွေးမှု လမ်းကြောင်း ခိုင်မာပါသည်။ လစ်လပ်နေရာများပြားပြီး ပြည်တွင်း/ပြည်ပမှာ အလုပ်အကိုင် ပေါများပါသည်။

တက်ရောက်ရန် အရည်အချင်း လိုအပ်ချက်

✱ အခြေခံ ပညာ အထက်တန်း အောင်မြင်ပြီးသူ
✱(သို့) GCSE’ O အောင်မြင်ပြီးသူ
✱ (သို့) L3IFD အောင်မြင်ပြီးသူ ဖြစ်ရမည်။

✱ IELTS (4.5) နှင့်အထက် ညီမျှသော အင်္ဂလိပ်စာ အဆင့် ရှိရမည်။

(ကျောင်းတက်နေစဉ် IELTS 6.5 နှင့်အထက် ရသည် ထိ ထပ်မံ လေ့လာရန် လိုအပ် ပါသည်။)

 

သင်တန်းကာလ

✱ 1st Year  တွင် Semester  (၂)ခု ဖြင့်သော်လည်းကောင်း၊ 2nd Year  တွင်လည်း Semester  (၂)ခု ဖြင့်သော်လည်းကောင်း၊ စုစုပေါင်း သင်တန်းကာလ (၂)နှစ် ကျော်ကျော်မျှ ကြာမြင့်ပါမည်။

စာသင်နှစ် Semester စာသင်ကြားမှုကာလ စာမေးပွဲကာလ။ စုစုပေါင်းကြာချိန်။
1st Year Foundation Semester (၁၂) ပါတ်။ Project ကာလ (၁) ပါတ်။ (၁၃) ပါတ်။
1st Year Semester #1 (၁၆) ပါတ်။ စာမေးပွဲကာလ (၆) ပါတ်။

Semester break (၂) ပါတ်။

(၂၄) ပါတ်။
Semester #2 (၁၆) ပါတ်။ စာမေးပွဲကာလ (၆) ပါတ်။

1st Year break (၂) ပါတ်။

(၂၄) ပါတ်။
2nd Year Semester #1 (၁၆) ပါတ်။ စာမေးပွဲကာလ (၆) ပါတ်။

Semester break (၂) ပါတ်။

(၂၄) ပါတ်။
Semester #2 (၁၆) ပါတ်။ စာမေးပွဲကာလ (၆) ပါတ်။ (၂၂) ပါတ်။
 စုစုပေါင်းကြာမြင့်ချိန်  (၁၀၇) ပါတ် (သို့) (၂)နှစ်ကျော်ကျော်ခန့်။

 

သင်တန်းကြေး

အ‌ကြောင်းအရာ ကျသင့်ငွေ မှတ်ချက်
Registration fee USD 400
သင်တန်းကြေး သိန်း (၁၂၀) ကျပ်တိတိ။ ဒီပလိုမာရသည်အထိ (၂)နှစ်စာ သင်တန်းကြေးဖြစ်ပါသည်။
Resit fee တဘာသာလျှင် ၁၅၀,၀၀၀ ကျပ် တိတိ။ စာမေးပွဲကျသည့် ဘာသာ ကိုစာမေးပွဲ ပြန်လည် ဖြေဆို ရပါမည်။
Repeat fee တဘာသာလျှင် ၃၀၀,၀၀၀ ကျပ် တိတိ။ GPA မပြည့်မှီသည့် ဘာသာ ရှိပါက ယင်းဘာသာအတွက် ကျောင်းပြန်တက်ရပါမည်။

 

သင်တန်းကြေးကို တလုံးတခဲတည်းအဖြစ်သော်လည်းကောင်း၊ အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း ပေးသွင်းနိုင်ပါသည်။

(က) တလုံးတခဲတည်းပေးသွင်းလိုပါက  ကျပ်(၁၀)သိန်းတိတိ Discount ရရှိသည့်အတွက် သိန်း(၁၁၀)နှင့် ‌ဒေါ်လာ ၄၀၀ သာကျသင့်ပါမည်။

(ခ) အရစ်ကျစနစ်ဖြင့် ပေးသွင်းလိုပါက

စဉ် အကြောင်းအရာ ပေးသွင်းရမည့် ပမာဏ
၁။ သင်တန်းအပ်နှံစဉ် ပထမအကြိမ် (၂၀) သိန်း ကျပ်တိတိ။
၂။ ကျောင်းတက်ပြီး ပထမ (၃) လ မြောက် (၁၀) သိန်း ကျပ်တိတိ။

ဒေါ်လာ (၄၀၀) တိတိ။

၃။ နောက်(၃) လအကြာ၌ ဒုတိယ အကြိမ် (၁၅) သိန်း ကျပ်တိတိ။
၄။ နောက်(၃) လအကြာ၌ တတိယ အကြိမ် (၁၅) သိန်း ကျပ်တိတိ။
၅။ နောက်(၃) လအကြာ၌ စတုတ္ထ အကြိမ် (၁၅) သိန်း ကျပ်တိတိ။
၆။ နောက်(၃) လအကြာ၌ ပဉ္စမ အကြိမ် (၁၅) သိန်း ကျပ်တိတိ။
ရ။ နောက်(၃) လအကြာ၌ ဆဠမ အကြိမ် (၁၅) သိန်း ကျပ်တိတိ။
၈။ နောက်(၃) လအကြာ၌ သတ္တမ အကြိမ် (၁၅) သိန်း ကျပ်တိတိ။

 

စာမေးပွဲစစ်ဆေးခြင်း။

  • 100% Open-book
  • Papers & Assignments
  • Hands-on Projects
  • Answer paper can be software code, UI design, database, process diagrams, demonstration video records, research papers etc.
  • May be individual or group assessment
  • Plagiarism 7% required
  • 0% time-controlled hand-written closed-book exam

 

GPA System

  • အတန်းတွင်း နေ့စဉ် အကဲဖြတ် စစ်ဆေးမှု စနစ်ကို ကျင့်သုံးပါသည်။
  • နေ့စဉ် အတန်းချိန်တိကျမှန်ကန်မှု၊ စာသင်ကြားနေစဉ် ပူးပေါင်းပါဝင်မှု၊ အိမ်စာပြီး မြောက်ခဲ့မှု၊ အတန်းဖော်အချင်းချင်း ယိုင်းပင်းကူညီမှု၊ လပါတ် Tutorial အမှတ်များ စသည်တို့ကို စုပေါင်းပြီး ကျောင်းသားတဦးချင်း၏ GPA ကို အနည်းဆုံး ၀.၀ မှ စ၍ အများဆုံး ၅.၀ အထိတွက်ချက်ပါသည်။
  • တစ်ဘာသာချင်းအလိုက် GPA ကို တွက်ချက်ပါသည်။
  • ၃.၇၅ (or) 75% အောက်ရရှိသည့် ဘာသာကို Repeat ပြန်လုပ်ရပါမည်။

Grading System and Online – LMS

ဘာသာရပ်တိုင်းတွင် Grading အတွက်

  • Failed
  • Passed
  • Merit
  • Distinction

ဟု ရှိနိုင်ပါသည်။

  • Open-book စနစ် ဖြစ်သောကြောင့် မိမိ လိုချင်သည့် Grading နှင့် ကိုက်ညီအောင် ဖြေဆို နိုင်ပါသည်။
  • သက်ဆိုင်ရာ ဆရာ/ဆရာမ၏ အကြံဉာဏ်ကို ရယူပြီး သတ်မှတ် ရက်အတွင်း Redo ပြန်လည် ပြင်ဆင် ခွင့် ရှိပါသည်။
  • သတ်မှန်ရက်အတွင်း iNet College ၏ Online – LMS ေပါ်သို့ တင်ပေးရပါမည်။ သတ်မှတ်ရက် ကျော် လွန်ပါက LMS သည် မည်သည့် upload ကိုမျှ လက္ခံလိမ့် မည် မဟုတ်ပါ။

Subject Category #1: Programming/Software Engineering

1
Programming
2
Database Design and Development

Subject Cateogry #2: Data Analytics & AI

1
Business Process Support
2
Machine Learning
Pearson သည် UK အခြေစိုက်ပညာရေးအဖွဲ့အစည်းကြီးတခုဖြစ်ပါသည်။ Academic ပိုင်းဆိုင်ရာ ပညာရေးလုပ်ငန်းများ (Edexcel IGCSE)၊ Vocational ပိုင်းဆိုင်ရာ ပညာရေးလုပ်ငန်းများ( LCCI Accounting)၊ စာအုပ်ထုတ်‌ဝေရေးဆိုင်ရာလုပ်ငန်းများ (Pearson Press, FT Press, Addison–Wesley, Peachpit, Prentice Hall, eCollege, Longman, Scott Foresman, InformIT, Oliver & Boyd, Pi Press, Propero, Que Publishing, VangoBooks etc.)၊ IT အပြင် ကဏ္ဍပေါင်းစုံအတွက် နိုင်ငံတကာ တက္ကသိုလ်များမှ Credit Transfer ပေးကြသည့် Level 3, Level 4, & Level 5 Diploma များ၊ Industrial certification များအတွက် အရည်အချင်းစစ်ဆေးပေးသည့် Pearson Vue Test Center များ၊ စသည့်များပြားလှသည့် ပညာရေးဆိုင်ရာလုပ်ငန်းများစွာကို ကမ္ဘာ့နိုင်ငံများစွာတို့၌ လုပ်ကိုင်ဆောင်ရွက်နေသော ကမ္ဘာ့ပညာရေးအဖွဲ့အစည်းကြီးတခုဖြစ်ပါသည်။ (source: https://en.wikipedia.org/wiki/Pearson_Education) HND Diploma သည် Level 5 diploma လက်မှတ်တခုဖြစ်ပြီး Ofqual ၏စံနှုန်းသတ်မှတ်ချက်များနှင့်အညီ Pearson မှ အရည်အချင်းစစ်ဆေး၍ ချီးမြင့်မည်ဖြစ်ပါသည်။ Ofqual စံနှုန်းသတ်မှတ်ချက်အရ • Level 3 သည် Pre-University Qualification ဖြစ်ပါသည်။ • Level 4 သည် UK တက္ကသိုလ်များ Bachelor သင်တန်း၏ ပထမနှစ် နှင့်ညီမျှပါသည်။ • Level 5 သည် UK တက္ကသိုလ်များ Bachelor သင်တန်း၏ ဒုတိယနှစ် နှင့်ညီမျှပါသည်။ • Level 6 သည် UK တက္ကသိုလ်များ Bachelor သင်တန်း၏ တတိယနှစ် နှင့်ညီမျှပါသည်။ • Level 7 သည် UK တက္ကသိုလ်များ၏ Master degree နှင့်ညီမျှပါသည်။ • Level 8 သည် UK တက္ကသိုလ်များ၏ Doctorate degree နှင့်ညီမျှပါသည်။ HND Diploma သည် Level 5 diploma ဖြစ်သည့်အတွက် တက္ကသိုလ်နောက်ဆုံးနှစ် B.Sc. (Hons) သင်တန်းသို့ ဆက်လက်တက်ရောက်ပြီး Bachelor degree ရယူနိုင်ပါသည်။
High-school graduate များသည် High-school ပညာသင်ကြားရေးကာလအတွင်း၌ general education များအနေဖြင့် physics, chemistry, mathematics, biology, history, geography စသည်တို့ကို သင်ယူခဲ့ကြရပြီးဖြစ်ပါသည်။ အခြေခံပညာရေး၏ သဘောသဘာဝအရ အလွတ်ကျက်မှတ်သည့်စနစ်ဖြင့် သင်ကြားလေ့ကျင့်ခဲ့ကြရပါသည်။ အရည်အချင်းစစ်ဆေးရာ၌လည်း closed-book exam များဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဖြေဆိုကြရပါသည်။ ထိုစနစ်သည် အခြေခံပညာလေ့လာသင်ယူရေး၌ ထိ‌ရောက်သည့် စနစ်တခုလည်းဖြစ်ပါသည်။ စနစ်တခုဖြင့် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးသူတိုင်း စနစ်သစ်တခုသို့‌ပြောင်းလဲ လေ့လာရာ၌ အခက်အခဲဖြစ်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ တက္ကသိုလ် အဆင့်မြင့်ပညာရေး (အထူးသဖြင့် ပြည်ပ တက္ကသိုလ် အဆင့်မြင့်ပညာရေး)ကို လေ့လာရာ၌ ဘာသာရပ်များ၏ အတိုင်းအတာသည့် ကြီးမားကျယ်ပြန့်လာပါသည်။ ဖတ်ရှုလေ့လာရမည့် စာအုပ်စာတမ်းများပြားလာပါသည်။ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများစွာကို ဖတ်ရှု လေ့လာပြီး ဝေဖန်ဆန်းစစ်ရပါသည်။ ကောက်နုတ်ပြီး စာတမ်းပြုစုရပါသည်။ ယခင်စနစ်ကဲ့သို့ အလွတ်ကျက်မှတ်ရန် မလိုပါ။ နှစ်ပေါင်းများစွာကျင့်သုံးခဲ့သည့် ကျက်မှတ်သည့်စနစ်မှ ဖတ်ရှုလေ့လာဆင်ခြင်သုံးသပ်သည့်စနစ်သို့ ပြောင်းလဲ ကျင့်သုံးရပါမည်။ ထို့အပြင် ပါတ်ဝန်းကျင်မှလည်း မိမိတို့အပေါ်လူကြီးတဦးအဖြစ် ရှုမြင်လာကြပြီဖြစ်ပါသည်။ မိမိတို့၏ စဉ်းစားတွေးခေါ်မှု၊ ပေါင်းသင်းဆက်ဆံတတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းလုပ်ကိုင်တတ်မှု၊ မိမိတို့အမြင်ကို အများလက်ခံနားလည်အောင် ပြောဆိုတင်ပြတတ်မှု၊ စည်းကမ်းရှိမှု၊ စည်းစနစ်ကျနစွာအလုပ်လုပ်တတ်မှု၊ အများနှင့်ဆက်ဆံရာ၌ စည်းဘောင်ကို နားလည်မှု၊ တာဝန်နှင့်ဝတ္တရားကို နားလည် လိုက်နာတတ်မှု၊ ပါတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မိမိအကျိုး သူတပါးအကျိုးကို မျှတစွာ စဉ်းစားတွေးခေါ် ဆောင်ရွက် တတ်မှု၊ စသည့်အရည်အချင်းတို့လည်းရှိမှသာ အောင်မြင်ပြီး အများလက်ခံသော ဘဝကို တည်ဆောက် နိုင်ပါမည်။ ထိုသို့ ပြောင်းလဲလာသည့် လေ့လာသင်ယူမှုစနစ်သစ်၊ ပါတ်ဝန်းကျင်၊ ဆက်ဆံရေး တို့နှင့် အံဝင်ခွင်ကျဖြစ်စေရန် မိမိကိုယ်တိုင် ပြောင်းလဲကျင့်သုံးရပါမည်။ သင်တန်းသည် ကျောင်းသူ/ကျောင်းသားများအား ရင့်ကျက်ပြီး မိမိကိုယ်မိမိ တာဝန်ယူနိုင်စွမ်းရှိ သူများဖြစ်အောင် လေ့ကျင့်ပေးရန်ရည်ရွယ်ပါသည်။ အသေးစိတ်ကို Certificate in Pre-University Qualifications တွင် ဖတ်ရှုနိုင်ပါသည်။
၁။ Programming ၂။ Networking ၃။ Professional Practice ၄။ Database Design & Development ၅။ Security ၆။ Planning a Computing Project (Pearson-set) ၇။ Software Development Lifecycles ၈။ Maths for Computing ၉။ Computing Research Project (Pearson-set) ၁၀။ Business Process Support ၁၁။ Discrete Maths ၁၂။ Data Structures & Algorithms ၁၃။ Applied Programming and Design Principles ၁၄။ Application Development ၁၅။ Machine Learning --------------------------- ၁၆။ Website Design & Development (optional) ၁၇။Fundamentals of Artificial Intelligence (AI) & Intelligent Systems (optional) သောကြာနေ့တိုင်း၌ Optional များနှင့် အခြားသိမှတ်ဖွယ်များကို သင်ကြားပို့ချမှာ ဖြစ်ပါတယ်။ ဤ optional (၂) ဘာသာကို credit ပိုမိုလိုသူများအနေဖြင့် စာမေးပွဲဝင်ရောက်‌ဖြေဆိုနိုင်ပါသည်။ အသေးစိတ်ကို Curriculum Tab တွင်၎င်း၊ Marketing flyer တွင်၎င်းဖတ်ရှုနိုင်ပါသည်။
ကွန်ပျူတာပညာရပ်သည် တိုးတက်ပြောင်းလဲမြန်ဆန်ပြီး ကြီးမားကျယ်ပြန့်လှပါသည်။ တိုးတက်ပြောင်းလဲမှုမြန်လွန်းသည့်အတွက် Theoretical foundation ပိုင်းကို အဓိကဘာသာရပ်များအဖြစ် တနင်္လာနေ့မှ ကြာသပတေးနေ့များတွင် ပို့ချပြီး သောကြာနေ့တိုင်း၌ Optional ဘာသာများ၊ English နှင့် အခြားတတ်သိရန် လိုအပ်သည်များကို သင်ကြားပို့ချမှာ ဖြစ်ပါတယ်။ သောကြာနေ့များ၌ သင်ကြားပို့ချမှုများ သည် Hands-on skill ကိုဦးတည်၍ Project-based learning ပုံစံ ဖြင့် သင်ကြားပါမည်။ English စာအနေဖြင့် General English, Grammar, Listening, Speaking, Academic Writing တို့ပါဝင်ပါမည်။ ထိုပြင်ပ သင်ကြားမှုများအတွက် Fee ထပ်မံပေးသွင်းရန်မလိုပါ။ အကြံပြုချက်အနေဖြင့် ကျောင်းသူ/ကျောင်းသားများအနေဖြင့်လည်း Self-study စဉ်ဆက်မပြတ်လုပ်နေစေလိုပါသည်။ English စာကျွမ်းကျင်မှုအတွက် IELTS ဖြေဆိုရန် ပြင်ဆင် ထားသင့်ပါသည်။
English စာအနေဖြင့် General English, Grammar, Listening, Speaking, Academic Writing တို့ပါဝင်ပါမည်။ ထိုပြင်ပ သင်ကြားမှုများအတွက် Fee ထပ်မံပေးသွင်းရန်မလိုပါ။ အကြံပြုချက်အနေဖြင့် ကျောင်းသူ/ကျောင်းသားများအနေဖြင့်လည်း Self-study စဉ်ဆက်မပြတ်လုပ်နေစေလိုပါသည်။ English အရေးအသား၊ အသံထွက်ကောင်းအောင် လေ့ကျင့်ထားသင့်ပါသည်။ Software Engineer သည် သဘာဝအရ နိုင်ငံတကာနှင့်ကူးလူးဆက်ဆံရသည့် အလုပ်အကိုင်မျိုးဖြစ်သည့်အတွက် English ကောင်းမွန်နေဖို့လိုအပ်ပါသည်။ IELTS ဖြေဆိုရန်လည်း ပြင်ဆင် ထားသင့်ပါသည်။
မိမိတို့ လုပ်ကိုင်ဆောင်ရွက်ထားသည်များကို အခြားသူများမှ လက္ခံခြင်း၊ နှစ်သက်ခြင်း၊ ဝယ်ယူအားပေးခြင်း တို့ကြောင့် အောင်မြင်မှုဖြစ်လာပါသည်။ အကြမ်းအားဖြင့် အရည်အချင်း (၃)မျိုး လိုအပ်ပါသည်။ (၁) နိုင်ငံတကာမှ လက္ခံအသိအမှတ်ပြုသည့် ဘွဲ့ဒီဂရီ၊ (၂) လက်တွေ့လုပ်ကိုင်နိုင်စွမ်းရည်၊ (၃) အောင်မြင်အောင်/နှစ်သက် လက္ခံ သဘောကျအောင် ပြောဆိုဆက်ဆံနိုင်စွမ်းရည်၊ (၄) လုပ်ငန်းအတွေ့အကြုံ တို့ဖြစ်ပါသည်။ မိမိမှာလိုအပ်သည်များရှိသည့် ကဏ္ဍကို သေချာစွာ လေ့လာ ဖြည့်ဆည်းရန် လိုအပ်ပါသည်။
၁။ သင်တန်းကြေးကို ခွဲသွင်း၍ ရပါသည်။ Description tab တွင်အသေစိတ် ရှင်းပြထားပါသည်။ ၂။ တလုံးတခဲတည်းပေးသွင်းပါက (၁၀) သိန်း Discount ရရှိပါမည်။
Outstanding student များအတွက် အခါအားလျှော်စွာ Scholarship ပေးပါတယ်။ ကြိုတင်လျှောက်ထားရန်လိုပြီး scholarship interview အောင်ရပါမယ်။ အချိန်အခါပေါ်မူတည်၍ scholarship package ပုံစံကွာခြားတတ်ပါသည်။
စာမေးပွဲကျလျှင်သော်၎င်း၊ GPA မပြည်မှီ၍ Repeat လုပ်ရလျှင်သော်၎င်း Fee များထပ်မံပေးသွင်းရပါမည်။ သီးခြားကုန်ကျစရိတ်အနေဖြင့် Uniform ဖိုးအနည်းငယ်ရှိနိုင်ပါသည်။ အခြားထပ်မံကုန်ကျစရိတ်မရှိပါ။
နည်းပညာပြောင်းလဲမှုအလိုက် Syllabus အပြောင်းအလဲရှိတာကြောင့် (၂)နှစ်အတွင်း Pre-University Qualification ပြီးထားသူများဖြစ်ပါက တက်လို့ရပါတယ်။ HND သင်တန်းကြေးမှ (၆) သိန်း Exemptive ရရှိမှာဖြစ်ပါတယ်။
ကျောင်းတခုနှင့်တခု Syllabus နှင့် ဦးစားပေးအထူးပြုသင်ကြားမှုမတူတာကြောင့် Case-by-case basic ဖြင့် စဉ်းစားပေးပါတယ်။ ကျောင်းအုပ်နှင့်တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ပေးပါတယ်။
ယခင်က Covid ရောဂါ အခြေအနေများကြောင့် online ဘဲ့ဖွင့်ခဲ့‌သော်လည်း ယခုချိန်မှာတော့ on-campus သင်တန်းများသာဘဲ့ ရှိပါတယ်။ online ရပ်နားထားပါတယ်။
ကွန်ပျုတာပရိုဂရမ်မာအလုပ်ဆိုတာ ပညာရှင်အလုပ်ပါ။ လက်တွေ့ရေးသားတတ်ရပါမယ်။ မိမိရည်မှန်းရာ Industry မှာ အသုံးတွင်ကျယ်နေတဲ့ နည်းပညာ မိမိမှာရှိရပါမယ်။ ကျောင်းပီးစလူငယ်တဦးအနေဖြင့် လုပ်ငန်းအတွေ့အကြုံ အားနည်းပါလိမ့်မယ်။ ဒါကြောင့် လစာများများရဖို့ဆိုတာထက် လုပ်ငန်းအတွေ့အကြုံများရဖို့၊ ပညာရဖို့ ကိုရည်မှန်းပါ။ ဘွဲ့ဒီဂရီရှိခြင်းဟာ ပိုကောင်းပါတယ် သို့သော် ပြည်တွင်းမှာ ဆိုရင်တော့ အလုပ်ရနိုင်ပါတယ်။ ပြည်ပနိုင်ငံများမှာ သွားလုပ်မယ်ဆိုရင်တော့ Bachelor အနည်းဆုံးရှိမှသာ EP မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။
iNet College မှရရှိခဲ့သည့် Bachelor degree ဟာ UK နိုင်ငံရှိ University of Central Lancashire မှပေးအပ်တာဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ဖြစ်ပါတယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်ဆိုရင် (၁) Bachelor degree ရှိရပါမယ်။ (၂) Technical skill ကောင်းမွန်ရပါမယ်။ (၃) Soft skill (communication skill, English etc.) ကောင်းမွန်ရပါမယ်။ (၄) လုပ်ငန်းအတွေ့အကြုံကောင်းများရှိရပါမယ်။ ဒါကြောင့် ဒီအရည်အချင်း (၄)မျိုးကို အရင်ဖြည့်ဆည်းပြီးမှ အလုပ်သွားရှာစေလိုပါတယ်။
iNet College မှရရှိခဲ့သည့် Bachelor degree ဟာ UK နိုင်ငံရှိ University of Central Lancashire မှပေးအပ်တာဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ဖြစ်ပါတယ်။ Bachelor degree ရှိပြီးရင် Master degree တက်လို့ရပါတယ်။
ကျောင်းသားအများစုဟာ final year top-up ကို Singapore ရှိ James Cook University (JCU), MDIS, PSB Academy စသည့်ကျောင်းသို့ သွားရောက်ပြီး ဘွဲ့ဒီဂရီများ ရယူလေ့ရှိပါတယ်။ iNet College ကျောင်းသားရေးရာမှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်။
(၃)နှစ်အတွင်းဆို အဆင်ပြေပါတယ်။ ကြာသွားပါက စိတ်ပြောင်းလဲသွားပြီးမတက်ဖြစ်တော့ပါ။ ဘွဲ့မရထားပါက ကွန်ပျူတာပညာရှင် အဖြစ်လုပ်ကိုင်ရာ၌သော်၎င်း၊ အများနှင့် ဆက်ဆံရာ၌သော်၎င်း၊ Documentation ကိစ္စများဆောင်ရွက်ရာ၌သော်၎င်း အခက်အခဲများစွာကို ကြုံတွေ့ရနိုင်ပါသည်။ ဘွဲ့ဒီဂရီသည် မိမိဘဝတခုလုံးကို အကျိုးပြုနိုင်တာကြောင့် ဘွဲ့ယူထားခြင်းသည် မမှားနိုင်ပါ။ အကယ်၍ဒီပလိုမာရပြီး နှစ်အနည်းငယ်ကြာပြီးမှ final year တက်ပါက ဤနှစ်များအတွင်း၌ ဘာလုပ်နေပါသလဲဟု တက္ကသိုလ်များက မေးလေ့ရှိပါသည်။ အဖြေမသင့်လျှော်ဟုဆုံးဖြတ်ပါက register လုပ်ခွင့်မရ ဖြစ်တတ်ပါသည်။
Computing, Machine Learning, Data Science, IT စသည်ဖြင့် မိမိတက်လိုသည့် တက္ကသိုလ်အလိုက် ရွေးချယ်နိုင်ပါသည်။ Major ရွေးချယ်မှု၊ တက္ကသိုလ်ရွေးချယ်မှု ပေါ်မူတည်၍ Credit ရရှိမှု ကွာခြားနိုင်ပါသည်။
ရပါတယ်။ Major ရွေးချယ်မှု၊ တက္ကသိုလ်ရွေးချယ်မှု ပေါ်မူတည်၍ Credit ရရှိမှု ကွာခြားနိုင်ပါသည်။
Major ရွေးချယ်မှု၊ တက္ကသိုလ်ရွေးချယ်မှု၊ HND တက်ရောက်စဉ်က Distinction ရှိမှု၊ optional ဘာသာရပ်များပါဝင်မှုစသည်တို့ အပေါ်မူတည်၍ Credit ရရှိမှု ကွာခြားနိုင်ပါသည်။
ရပါတယ်။ Programming နည်းပညာသည် Cyber Security engineer, Penetration Tester များအတွက် လွန်စွာအသုံးဝင်သည့် ဘာသာရပ်တခုဖြစ်ပါသည်။
Cyber Security အထူးပြုသူများအနေဖြင့် Programming ဆိုင်ရာ ဘာသာရပ်များ (ဥပမာ Data structure, SAD, Database, Programming logic, Algorithmic thinking, Computational Mathematics စသည်တို့) အားနည်း နိုင်ပါသည်။ Programmer တဦးအတွက် ယင်းဘာသာရပ်များသည် အဓိကကျ‌သော ဘာသာရပ်များဖြစ်ပါသည်။ ထို့ကြောင့် မလုပ်သင့်ပါဟု အကြံပြုလိုပါသည်။
HND လက်မှတ်၌ ဘာသာတခုခြင်း၌ မည်သည့်အဆင့်ဖြင့် အောင်မြင်ခဲ့ကြောင်းပါ ပါသည်။ အဆင့်ကောင်းပါက Credit ပိုရနိုင်သည့်အတွက် ကျောင်းသားတဦးနှင့်တဦး ရရှိသည့် Credit မတူနိုင်ပါ။
(၃)လလျှင် (၁)ကြိမ် အတန်းသစ်ဖွင့်တာကြောင့် (၁)နှစ်လျှင် (၄) ကြိမ်အတန်းသစ် ဖွင့်ပါတယ်။
အတန်း(၁)တန်းလျှင် အများဆုံးကျောင်းသားဦးရေ (၂၄)ဦးလက္ခံပါတယ်။ အကယ်၍ (၂၄)ဦးထက်ပိုခဲ့ပါက အခန်းခွဲပြီး အတန်းသစ်တခုဖန်တီးပါတယ်။
၁။ ကျောင်းစရိတ်ကွာပါတယ်။ iNet College မှာများစွာ သက်သာပါတယ်။ ၂။ Exposure ကွာပါတယ်။ နိုင်ငံခြားတက္ကသိုလ်များမှာ Exposure ကောင်းကောင်းရပါမယ်။ ၃။ ကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်း သာပါတယ်။ လူတိုင်းအတွက်တော့ အကျုံးမဝင်ပါဘူး။ လွတ်လပ်စွာ အကြံပြုရလျှင်တော့ နိုင်ငံခြားတက္ကသိုလ် ကောင်းကောင်းမှာ Final year top-up သွားတက်ခြင်းဟာ ကုန်ကျစရိတ်များပြားသော်လည်း ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။
မိမိတို့ရွေးချယ်ရာ ကျောင်းပေါ်မူတည်ပြီး ကျောင်းစရိတ် ခန့်မှန်းခြေ SGD 42,000 ခန့်ရှိနိုင်ပါတယ်။ နေထိုင်စရိတ်မပါဝင်ပါ။
University of Central Lancashire (UClan) မှ ပေးအပ်သည့် degree program များသို့ ဆက်လက်တက်ရောက်နိုင်ပါတယ်။ (၁)။ B.Sc. (Hons) in Business Computing and Information Systems (၂)။ B.Sc. (Hons) in Cyber Security and Networking သင်ကြားရေးကာလအားဖြင့် (၁၀)လ ခန့်သာကြာမြင့်မှာဖြစ်ပြီး NCC Education မှဆရာများက online စနစ်ဖြင့် သင်ကြားပို့ချမှာ ဖြစ်ပါတယ်။ မိမိတို့ မလိုက်နိုင်သည့် ဘာသာရပ်များရှိပါက iNet College ၏ ဆရာ/ဆရာမများက ပြန်လည် သင်ကြားပေးမှာ ဖြစ်ပါတယ်။ အချိန်ပြည့် သင်တန်းမဟုတ်တာကြောင့် လုပ်ငန်းဝင်ရောက်နေကြတဲ့ ဝန်ထမ်းများလည်းတက်ရောက်နိုင်ပါတယ်။ ကုန်ကျစရိတ်အားဖြင့် USD 6,500 ခန့်ရှိပါမယ်။ လစဉ်အရစ်ကျစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါတယ်။ အသေးစိတ်ကို http://www.inet.edu.mm/courses/bcis နှင့် http://www.inet.edu.mm/courses/bsc-cybersec တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

New Intake #27: 6-2-2023

Be the first to add a review.

Please, login to leave a review
Get course
Enrolled: 0 students
Duration: 2 Years
Lectures: 4
Level: Diploma

Archive