HND in Cloud Computing (Cloud Cyber Security)

ယနေ့ခေတ်ကမ္ဘာကြီးတွင် စီမံအုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စစ်မက်ရေးရာ အစစအရာရာကို ကွန်ပျူတာနည်းပညာဖြင့် ထိန်းချုပ် လုပ်ဆောင် နေကြပါသည်။ လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့် ကွန်ပျူတာနည်းပညာကြောင့် လူ့အသုံးအဆောင် Electronic ပစ္စည်းများ၊ လုပ်ငန်းသုံး စက်ပစ္စည်းများ၌ Microprocessor များထည့်သွင်းလာသည့်အတွက် ကွန်ပျူတာ တလုံးနှင့် လုပ်ဆောင်မှုပုံစံ မခြားနားတော့ပါ။ အင်တာနက်နှင့် ချိတ်ဆက်နိုင်လာကြပြီး မိုဘိုင်းဖုန်း၌ထည့်သွင်းထားသည့် Software ဖြင့် ထိန်းချုပ်ပြီး ခိုင်းစေလုပ်ကိုင် ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါသည်။ အင်တာနက်ကြောင့် ကမ္ဘာ့ စီးပွါးရေး ပုံသဏ္ဍာန် များစွာ ပြောင်းလဲ လာခဲ့ပါသည်။ အထူးသဖြင့် အင်တာနက်သည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် နည်းပါးပြီး တကမ္ဘာလုံးသို့ လက်လှမ်းမှီစေနိုင်သည့်အတွက် ကြီးမားကျယ်ပြန့်သည့် စျေးကွက်သစ်တစ်ခုကို ဖော်ဆောင် လာပါသည်။ မိရိုးဖလာ လုပ်ငန်းများသည်လည်း အင်တာနက်ပေါ်သို့ ရောက်ရှိလာကြပြီး ကမ္ဘာကြီး၏ ပုံစံသစ် စီးပွားရေး လုပ်ငန်းများအဖြစ်သို့ လျှင်မြန်စွာ ကူးပြောင်းလာခဲ့ပါသည်။ ယင်းကူပြောင်းမှု ဖြစ်စဉ်၌ ယခင်က အတွေးပင် မရှိခဲ့ဘူးသည့် လုပ်ငန်းသစ်များ၊ အလုပ်အကိုင်အသစ်များ၊ လုပ်ကိုင် ဆောင်ရွက်မှုပုံစံသစ်များ၊ ဈေးကွက်အသစ်များ၊ ကုန်ပစ္စည်းအသစ်များ၊ ဝန်ဆောင်မှု အသစ်များစွာကို ကမ္ဘာ့အနှံ့အပြားမှ ဖောက်သယ်အသစ်များသို့ ကူးလူးဆက်ဆံ ရောင်းဝယ် ဖောက်ကား နိုင်စေခဲ့ပါသည်။ ထိုပုံစံသစ်များသည် ကွန်ပျူတာပညာရှင်တို့ အတွက် စိမ်ခေါ်မှုအသစ်များ၊ နည်းပညာ တီထွင်မှု အသစ်များ၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်များ၊ အိုင်တီကုန်ပစ္စည်း အသစ်များ၊ တွေးခေါ်စဉ်းစားမှု အသစ်များစွာတို့ကို ပေါ်ပေါက် လာစေခဲ့ပါသည်။ အင်တာနက်နှင့် ချိတ်ဆက်ထားမှု၊ online အသုံးပြုမှု၊ Personal and business data များကို Cloud ပေါ်၌သိမ်းဆည်းထားရှိမှု များပြားလာသည့်အလျှောက် Business and Financial Data များ၏လုံခြုံရေး၊ မိမိနှင့် မိမိဖောက်သည်များ၏ သတင်းအချက်အလက်များ လုံခြုံရေး၊ ယင်းတို့ကို ဝန်ဆောင်မှုပေးနေသော ကွန်ယက်များ၊ ယင်းနှင့် ဆက်စပ်လျှက် ရှိသော ကွန်ပျူတာများ နှင့် ကွန်ယက်ချိတ်ဆက်ရာ၌ အသုံးပြုသည့် ပစ္စည်းများ၊ ကွန်ပျူတာ ပရိုဂရမ်များ၏ လုံခြုံရေးကို စသည်တို့ကို ထိန်းသိမ်း စောင့်ရှောက်ရသော Cyber Security Engineer များစွာ လိုအပ် လာခဲ့ ပါသည်။ Online လုံခြုံရေးသည် ကမ္ဘာ့အနှံ့ရှိ လုပ်ငန်းများအတွက် ကြီးမားလှသည့် စိန်ခေါ်မှု တရပ်ဖြစ် လာပါသည်။ အရည်အချင်းပြည့်မှီသည့် Cyber Security Engineer မလုံလောက်မှုကြောင့် ကမ္ဘာတဝန်းလုပ်ငန်းများစွာတို့၌ နေရာလစ်လပ်မှုများစွာရှိနေဆဲဖြစ်ပါသည်။ ယင်းလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်အတွက် ကမ္ဘာ့တက္ကသိုလ်များစွာတို့သည့်လည်း Cyber Security ဘွဲ့၊ ဒီလိုမာ ကျောင်းသားမျာစွာကို လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။ ကျောင်းသူ/ကျောင်းသားများအတွက် Cyber Security Engineer အလုပ်အကိုင်အခွင့်အလမ်းများ သည် ယခုနှစ်ပိုင်း၌ စတင်ကြီးထွားလာပြီး Online နှင့်ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်နေသရွေ့ လိုအပ်နေမည့် အခွင့်အလမ်းအသစ်များဖြစ် ဖြစ်ပါသည်။ Cyber Security Engineer အလုပ်သည် –
- IT ပညာရပ်များကို စိတ်ပါဝင်စားပြီး၊ စဉ်းစားတွေးခေါ် အဖြေရှာရခြင်းကို နှစ်သက်သူများ။
- Out of the box စဉ်းစားတွေးခေါ်လိုသူများ။
- ပညာရပ်ဆိုင်ရာအလုပ်ဖြစ်သည့်အလျှောက် ခက်ခဲမှုအသင့်အတင့်ပြီး နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို နှစ်ချိုက်သူများ။
- စကားနည်းပြီး ဦးဏှောက် များများ လုပ်လိုသူများ။
- ကွန်ပျူတာစနစ်လုံခြုံရေးကို စိတ်ပါဝင်စားသူများ။
- Penetration Testing, Ethical Hacking, Bug finding တို့အတွက် အနည်းငယ်မျှသော Programming Coding ကို ရေးရန်လိုအပ်နိုင်ပါသည်။ (နေ့တဒူဝ Third-party security tools များသုံးပြီး လုပ်ကိုင်ဆောင်ရွက်ရပါမည်။)
- စနစ်တို့၏ အားနည်းချက်/အားသာချက်တို့ကို အမြဲရှာဖွေနေလိုပြီး ပြုပြင်/ပြင်ဆင် စမ်းသပ်လိုစိတ်ရှိသူများ နှင့်သင့်လျှော်ပါသည်။
နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ နည်းပညာရှင်များအဖြစ်လုပ်ကိုင်ရမည် ဖြစ်သောကြောင့် အသက်မွေးမှုလမ်းကြောင်း ခိုင်မာပါသည်။ Online နှင့် ချိတ်ဆက် လုပ်ကိုင်နေသရွေ့ အလုပ်အကိုင်ပေါများပြီး လစာကောင်းမွန်ပါသည်။
တက်ရောက်ရန် အရည်အချင်း လိုအပ်ချက်
✱ အခြေခံ ပညာ အထက်တန်း အောင်မြင်ပြီးသူ ✱(သို့) GCSE’ O အောင်မြင်ပြီးသူ ဖြစ်ရမည်။ ✱ IELTS (4.5) နှင့်အထက် ညီမျှသော အင်္ဂလိပ်စာ အဆင့် ရှိရမည်။ (လုပ်ငန်းခွင်သဘာဝအရ နောက်ဆုံးပေါ်နည်းပညာများ၊ နိုင်ငံတကာပညာရှင်များနှင့် ထိတွေ့ ဆက်ဆံမှုများပြားမည်ဖြစ်သောကြောင့် မိမိတို့၏ English စာ အဆင့်အတန်းမြင့်မားနေရန် လိုအပ်ပါမည်။)
သင်တန်းကာလ
✱ 1st Year တွင် Semester (၂)ခု ဖြင့်သော်လည်းကောင်း၊ 2nd Year တွင်လည်း Semester (၂)ခု ဖြင့်သော်လည်းကောင်း၊ စုစုပေါင်း သင်တန်းကာလ (၂)နှစ် ကျော်ကျော်မျှ ကြာမြင့်ပါမည်။
စာသင်နှစ် | Semester | စာသင်ကြားမှုကာလ | စာမေးပွဲကာလ။ | စုစုပေါင်းကြာချိန်။ |
1st Year | Foundation Semester | (၁၂) ပါတ်။ | Project ကာလ (၁) ပါတ်။ | (၁၃) ပါတ်။ |
1st Year | Semester #1 | (၁၆) ပါတ်။ | စာမေးပွဲကာလ (၆) ပါတ်။ Semester break (၂) ပါတ်။ | (၂၄) ပါတ်။ |
Semester #2 | (၁၆) ပါတ်။ | စာမေးပွဲကာလ (၆) ပါတ်။ 1st Year break (၄) ပါတ်။ | (၂၆) ပါတ်။ | |
2nd Year | Semester #1 | (၁၆) ပါတ်။ | စာမေးပွဲကာလ (၆) ပါတ်။ Semester break (၂) ပါတ်။ | (၂၄) ပါတ်။ |
Semester #2 | (၁၆) ပါတ်။ | စာမေးပွဲကာလ (၆) ပါတ်။ | (၂၂) ပါတ်။ | |
စုစုပေါင်းကြာမြင့်ချိန် | (၁၀၉) ပါတ် (သို့) (၂)နှစ် (၃) လ။ |
လေ့လာရမည့် ဘာသာရပ်များ။
1 | Cloud Fundamentals |
2 | Networking in the Cloud |
3 | Security in the Cloud |
4 | Programming |
5 | Database Design and Development in the Cloud |
6 | Deploying and Operating in the Cloud (Pearson Set) |
7 | Maths for Computing |
8 | Professional Practice |
9 | Cloud Computing Research Project (Pearson Set) |
10 | Cloud Architecture Design |
11 | Information Security Management in the Cloud |
12 | Applied Security in the Cloud |
13 | Applied Cryptography in the Cloud |
14 | Operating Systems in the Cloud |
15 | Forensics in the Cloud |
သင်တန်းကြေး
အကြောင်းအရာ | ကျသင့်ငွေ | မှတ်ချက် |
Registration fee | USD 450 | |
သင်တန်းကြေး | သိန်း (၁၅၀) ကျပ်တိတိ။ | ဒီပလိုမာရသည်အထိ (၂)နှစ်စာ သင်တန်းကြေးဖြစ်ပါသည်။ |
Resit fee | တဘာသာလျှင် ၁၅၀,၀၀၀ ကျပ် တိတိ။ | စာမေးပွဲကျသည့် ဘာသာ ကိုစာမေးပွဲ ပြန်လည် ဖြေဆို ရပါမည်။ |
Repeat fee | တဘာသာလျှင် ၃၀၀,၀၀၀ ကျပ် တိတိ။ | GPA မပြည့်မှီသည့် ဘာသာ ရှိပါက ယင်းဘာသာအတွက် ကျောင်းပြန်တက်ရပါမည်။ |
သင်တန်းကြေးကို တလုံးတခဲတည်းအဖြစ်သော်လည်းကောင်း၊ အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း ပေးသွင်းနိုင်ပါသည်။ (က) တလုံးတခဲတည်းပေးသွင်းလိုပါက ကျပ်(၁၀)သိန်းတိတိ Discount ရရှိသည့်အတွက် သိန်း(၁၄၀)နှင့် ဒေါ်လာ ၄၅၀ သာကျသင့်ပါမည်။ (ခ) အရစ်ကျစနစ်ဖြင့် ပေးသွင်းလိုပါက
စဉ် | အကြောင်းအရာ | ပေးသွင်းရမည့် ပမာဏ |
၁။ | သင်တန်းအပ်နှံစဉ် ပထမအကြိမ် | (၃၀) သိန်း ကျပ်တိတိ။ |
၂။ | ကျောင်းတက်ပြီး ပထမ (၃) လ မြောက် | (၁၀) သိန်း ကျပ်တိတိ။ ဒေါ်လာ (၄၅၀) တိတိ။ |
၃။ | နောက်(၃) လအကြာ၌ ဒုတိယ အကြိမ် | (၂၀) သိန်း ကျပ်တိတိ။ |
၄။ | နောက်(၃) လအကြာ၌ တတိယ အကြိမ် | (၂၀) သိန်း ကျပ်တိတိ။ |
၅။ | နောက်(၃) လအကြာ၌ စတုတ္ထ အကြိမ် | (၂၀) သိန်း ကျပ်တိတိ။ |
၆။ | နောက်(၃) လအကြာ၌ ပဉ္စမ အကြိမ် | (၂၀) သိန်း ကျပ်တိတိ။ |
ရ။ | နောက်(၃) လအကြာ၌ ဆဠမ အကြိမ် | (၁၅) သိန်း ကျပ်တိတိ။ |
၈။ | နောက်(၃) လအကြာ၌ သတ္တမ အကြိမ် | (၁၅) သိန်း ကျပ်တိတိ။ |
Registration fee ။ ။ USD 400 စာမေးပွဲကျခဲ့ပါက Resit fee။ ။ ၁၅၀,၀၀၀ ကျပ်တိတိ။ GPA မပြည့်မှီခဲ့၍ လိုအပ်သည့်ဘာသာ ပြန်တက်ရသော် Repeat Fee။ ။ ၃၀၀,၀၀၀ ကျပ်တိတိ။
စာမေးပွဲစစ်ဆေးမှုအမျိုးအစား။
- 100% Open-book
- Papers & Assignments
- Hands-on Projects
- Answer paper can be software code, UI design, database, process diagrams, demonstration video records, research papers etc.
- May be individual or group assessment
- Plagiarism 7% required
- 0% time-controlled hand-written closed-book exam
GPA System
အတန်းတွင်း နေ့စဉ် အကဲဖြတ် စစ်ဆေးမှု စနစ် ကိုပါ ကျင့်သုံးထားပါသည်။
- နေ့စဉ် အတန်းချိန်တိကျမှန်ကန်မှု။
- စာသင်ကြားနေစဉ် ပူးပေါင်းပါဝင်မှု။
- အိမ်စာပြီး မြောက်ခဲ့မှု။
- အတန်းဖော်အချင်းချင်း ယိုင်းပင်းကူညီမှု။
- လပါတ် Tutorial အမှတ်များ။
စသည်တို့ကို စုပေါင်းပြီး ကျောင်းသားတဦးချင်း၏ GPA ကို အနည်းဆုံး ၀.၀ မှ စ၍ အများဆုံး ၅.၀ အထိတွက်ချက်ပါသည်။
- တစ်ဘာသာချင်းအလိုက် GPA ကို တွက်ချက်ပါသည်။
- ၃.၇၅ (or) 75% အောက်ရရှိသည့် ဘာသာကို Repeat ပြန်လုပ်ရပါမည်။
Grading System and Online – LMS
ဘာသာရပ်တိုင်းတွင် Grading အတွက်
- Failed
- Passed
- Merit
- Distinction
ဟု ရှိနိုင်ပါသည်။
- Open-book စနစ် ဖြစ်သောကြောင့် မိမိ လိုချင်သည့် Grading နှင့် ကိုက်ညီအောင် ဖြေဆို နိုင်ပါသည်။
- သက်ဆိုင်ရာ ဆရာ/ဆရာမ၏ အကြံဉာဏ်ကို ရယူပြီး သတ်မှတ် ရက်အတွင်း Redo ပြန်လည် ပြင်ဆင် ခွင့် ရှိပါသည်။
- သတ်မှန်ရက်အတွင်း iNet College ၏ Online – LMS ေပါ်သို့ တင်ပေးရပါမည်။ သတ်မှတ်ရက် ကျော် လွန်ပါက LMS သည် မည်သည့် upload ကိုမျှ လက္ခံလိမ့် မည် မဟုတ်ပါ။
Subject Category #1: Cloud Computing
Subject Category #2: Security
Crytography & Forensics
New Intake #1: 15- Feb- 2023