A+ Service Technician

ICT နည်းပညာခေတ်တွင် လူတိုင်း တတ်သိနားလည်ထားရန် လိုအပ်သော ICT ပစ္စည်းများ၏ အခြေခံသဘောတရားများ၊ Digital အခြေခံသဘောတရားများ၊ ကွန်ပျူတာ Hardware components များ၏ အခြေခံသဘောတရားများ ကို သင်ကြားမည့် ကာလတိုသင်တန်း ဖြစ်ပါသည်။

ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်အစအဆုံး ပြုပြင်တပ်ဆင်လိုသူများ၊ ကွန်ပျူတာကို ကျွမ်းကျင်စွာ ပြုပြင်ထိန်းသိမ်းလိုသူများ၊ IT ပိုင်းကို စိတ်၀င်စားသူများ၊ ကွန်ပျူတာအခြေခံပိုင်းကို တက်ရောက်ထားသူများ၊ PC Support Technicians  အဖြစ် အလုပ်လုပ်ကိုင်လိုသူများ၊ Hardware Engineer အဖြစ် အသက်မွေး၀မ်းကြောင်းပြုချင်သူများ၊ Computer System ဘာသာရပ်ကို စိတ်ဝင်စားသော ကျောင်းသား၊ကျောင်းသူများ အတွက် တက်ရောက်သင့်သည့် သင်တန်း ဖြစ်ပါသည်။

ကွန်ပျူတာ စနစ်မှာ ပါ၀င်တဲ့ Hardware/ Software Technology တွေကို စနစ်တကျ နားလည် သဘောပေါက်နိုင်ဖို့ စာတွေ့၊ လက်တွေ့ သင်ကြားပေးမှာ ဖြစ်ပါသည်။

Hardware Device နှင့် Operation System တွေမှာ ကြုံတွေရနိုင်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှု တွေကို စနစ်တကျ ဖြေရှင်း ဆောင်ရွက်တက်ဖို့ ရည်ရွယ်တဲ့ သင်တန်း ဖြစ်ပါသည်။

ကွန်ပျူတာစက်ပစ္စည်းကို ပြုပြင်တတ်လိုသူများနှင့် Network and PC Support Admin အဖြစ် အလုပ်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် လုပ်ငန်းခွင်အထူးပြုရေးဆွဲထားသည့် Course ဖြင့် လက်တွေ့ဆန်ဆန် သင်ကြားရပါမည်။

  • Digital အခြေခံများဖြစ်သော Binary System, Octect, Hexa များမှစ၍ DOS Command များ ပါ၀င်သော Digital Fundamentals,
  • BIOS, CMOS မှစ၍ Motherboard, Expansion Bus, CPU, RAM, HDD စသည်တို့ပါဝင်သော Hardware Essential
  • Booting, Partitioning, Windows Installation, Configuration, Sharing, NTFS and Shared Permissions, Joining Domain Network, Administration snap-ins in MMC, Monitoring Windows Performance and Tuning, စသည်တို့ပါဝင်သော Supporting, Configuring & Administering Windows 10 Devices အပြင်
  • အောင်မြင်သော Network and PC Support Admin အဖြစ်လုပ်ကိုင်နိုင်ဖို့ အရေးကြီးသည့် Soft skill ဘာသာရပ်အဖြစ် User Supporting ပိုင်း ကိုပါ ထည့်သွင်း ထားပါသည်။
  • Case study များဖြင့်လေ့လာရပါမည်။

ကွန်ပျူတာအသုံးပြုနည်း အခြေခံသိရှိထားဖို့ လိုပါသည်။

သင်တန်းကြေးသည် မိမိတက်လိုသည့် သင်တန်းပေါ်မူတည်၍ ပုံစံ(၂)မျိုးရှိပါသည်။

(၁) ဖွင့်လှစ်မည့်အတန်း တခုခုတွင်တက်ရသည့် Normal Fee
(၂) မိမိတဦးတည်း ကိုသာသီးသန့် သင်ကြားပေးရသည့် Special Fee

ဤ သင်တန်း၏ သင်တန်းကြေး နှုန်းထားများမှာ-

(က) Normal Fee                    = ၂၅၀,၀၀၀ ကျပ်တိတိ။
(ခ) Special Fee                       = ၅၀၀,၀၀၀ ကျပ်တိတိ။

သင်တန်းကြေးကို KPay ဖြင့်သော်၎င်း၊ cash ဖြင့်‌သော်၎င်း ပေးသွင်း နိုင်ပါသည်။

အကြောင်းကြောင်းကြောင့် သင်တန်းတက်မည့်သူပြောင်းလဲခြင်း၊ သင်တန်းရက်/အချိန် ပြောင်းလဲခြင်း၊ အရေးပေါ်အခြေအနေ တစုံတရာအရ သင်တန်းယာယီ ရပ်နားထား ရန်လိုအပ်ခြင်း၊ စသည့် မမျှော်မှန်းနိုင်သည့် အကြောင်းတစုံတရာ ဖြစ်ပေါ်ပါက နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ကြိုတင် ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။

(၁)ကြိမ်သင်တန်းတက်ပြီးသူတိုင်း နောက်သင်တန်းများအတွက် (၁၀% Discount) ခံစားခွင့် ရရှိပါမည်။

နေ့စဉ် တရက်လျှင် (၂း၀၀)နာရီ။
အပါတ်စဥ် တနင်္လာနေ့မှ ကြာသပတေး နေ့ အထိ
သင်တန်းကာလ။ ရက်သတ္တပါတ် (၈) ပါတ်။
သင်ကြားချိန်စုစုပေါင်း။ (၆၀)နာရီ။
နေ့စဉ် တရက်လျှင် (၃း၀၀)နာရီ။
အပါတ်စဥ် စနေနေ့၊ တနင်္ဂနွေနေ့
သင်တန်းကာလ။ ရက်သတ္တပါတ် (၁၀) ပါတ်။
သင်ကြားချိန်စုစုပေါင်း။ (၆၀)နာရီ။
  • PC Support Service Technician
  • Maintain PC, small network, & Windows in a small office or school environment

ဖွင့်လှစ်မည့် အတန်းသစ်များ။

ရက်စွဲ သင်တန်းတက်ရမည့်ရက်များ သင်တန်းချိန် လက်ခံမည့် ကျောင်းသားဦးရေ
၄-၁၂-၂၀၂၃ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ။ ၃း၀၀ – ၅း၀၀ ၁၂ ဦး
၉-၁၂-၂၀၂၃ စနေ၊ တနင်္ဂနွေ။ ၁း၀၀ – ၄း၀၀ ၁၂ ဦး
       
       
       
       

𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀

1
ICT Essentials
2
Numbering Systems
3
File Systems
4
DOS Commands

𝗛𝗮𝗿𝗱𝘄𝗮𝗿𝗲 𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹𝘀

1
Hardware/Software/Firmware
2
Boot Process
3
Motherboard and its form factors
4
Bus, Slots, Chipset, Connectors
5
RAM, CPU,Hard disks, partitions, RAID, SAN, NAS

𝗠𝗮𝗻𝗮𝗴𝗶𝗻𝗴 𝗮𝗻𝗱 𝗦𝘂𝗽𝗽𝗼𝗿𝘁𝗶𝗻𝗴

1
User Support for helpdesk and support specialist

𝗢𝗽𝗲𝗿𝗮𝘁𝗶𝗻𝗴 𝗦𝘆𝘀𝘁𝗲𝗺 𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹𝘀

1
Supporting Windows 10 desktops & Solving issues in device manager
2
Disk management and partition styles & Managing User Accounts and Groups
3
Group policy & NTFS Permissions, Shared Permissions
4
Supporting in Workgroup and Domain networked environment & Managing network printers
5
Managing User Profiles & Managing IP addressing
6
Network Types --- TCP/IP Layers
7
Windows Utilities (Backup/Restore, Event-Viewer, Performance Monitor, Windows Firewall)
သင်ရိုးစာအုပ်ပေးပါတယ်။ သင်ထောက်ကူအပြည့်အစုံဖြင့် သင်ကြားပေးပါတယ်။
ကွန်ပြူတာအခြေခံ သိရှိထားဖို့လိုပါတယ်။
ကွန်ပျူတာပြုပြင်ထိန်းသိမ်းရေးပိုင်းကိုစိတ်ဝင်စားသူများ၊ PC Support Technicians  အဖြစ် အလုပ်လုပ်ကိုင်လိုသူများ၊ Hardware Engineer အဖြစ် အသက်မွေး၀မ်းကြောင်းပြုချင်သူများ တက်ရောက်သင့်ပါသည်။

Be the first to add a review.

Please, login to leave a review
Get course
Enrolled: 12 students
Duration: 60 Hours
Lectures: 17
Level: Advanced User Level

Archive